မင်္ဂလာဒုံအမှတ် ၃ လမ်းမတစ်လျှောက် မြေကွက်ကျယ်များစုံစမ်းမှုများလာ

javascript
ကားတင်သွင်းခွင့်များချပေးလာခြင်း၊ ကားဝယ်လိုသူဦးရေးများပြားလာခြင်း၊ မြို့တွင်း၌ မြေနေရာရှားပါခြင်း၊ငှားရမ်းခဈေးနှုန်းကြီးမြင့်ခြင်းများကြောင့် မြို့တွင်းနှင့်အလှမ်းကွာသော အဝေးပြေးလမ်းမများနှင့် ဖြတ်သန်းသွားလာမှု များပြားသောလမ်းမကြီးများ နံဘေးပတ်ဝန်းကျင်၌ မြေနေရာစုံစမ်းရှာဖွေမှုများရှိလာကြောင်းwww.Property.com.mmသတင်းမီဒီယာအဖွဲ့မှ လေ့လာစုံစမ်းသိရှိရပါသည်။
"မြို့တွင်းမြို့နယ်တွေမှာကရင်းနှီးမြှုပ်နှံမှုမှာနေရာငှားခကတင်ပဲတော်တော်လေးပေးရတဲ့ အနေအထားရှိတယ် နေရာကလည်းရှားပါးတယ် ရတဲ့နေရာကလည်း အကျယ်အ၀န်းအားဖြင့် လိုသလောက်မရနိုင်ဘူးကား Showroom တွေ ကားရောင်းဝယ်ရေး လုပ်ငန်းတွေဆိုတာကလည်း နေရာကျယ်ကျယ်ဝန်းဝန်း ခင်းကျင်းပြသရတဲ့ အနေအထားဆိုတော့လုပ်ငန်းရှင်တွေကမြေကွက်ကျယ်တွေ ရှာဖွေ လုပ်ကိုင်လာတာများတယ် မြို့တွင်းမှာသိန်း ၁၀၀/ ၁၅၀ လောက် ပေးရတဲ့ အကျယ်အ၀န်းက မင်္ဂလာဒုံဘက် ပုလဲဘက်တွေ မြောက်ဥက္ကလာပတချို့လမ်းမတွေဘက်ဆိုရင် ၁၀၀ အောက်လောက်နဲ့ရနိုင်တယ် တချို့အကွက်တွေဆိုသိန်းလေးငါးဆယ်လောက်နဲ့တင် အငှားအရမ်းဖြစ်တာတွေ ရှိပါတယ် ဒါကြောင့် ခုနောက်ပိုင်းတော်တော်များများလည်းကား showroom ဖွင့်တာတို့ တခြားစက်မှုလက်မှုပစ္စည်းအရောင်း အ၀ယ်လုပ်ငန်းတို့ အရောင်းပြခန်းတို့ ဖွင့်လှစ်လုပ်ကိုင်တာတွေ တွေ့ရပါတယ်" ဟု မြန်မာ့အဖိုးတန်မြေအိမ်ခြံမြေအကျိုးဆောင်အဖွဲ့မှ Marketing Manager ကိုမျိုးထိုက်ကပြောကြားသည်။
မင်္ဂလာဒုံမြို့နယ်အနေဖြင့် အထက်မြန်မာပြည်၊ အောက်မြန်မာပြည် ဆက်သွယ်သွားလာမှု လမ်းကြောလမ်းမများဥဒဟို ၀င်ထွက်နေသော အဝေးပြေးကားများ မြို့တွင်းကားများနှင့် အဝေးပြေကားဝင်းအနီး၌လည်း တည်ရှိနေသောကြောင့်လုပ်ငန်းမြင်သာထင်သာရှိမှုအနေဖြင့်လည်းပိုမိုကောင်းမွန်သည့် အနေအထားလည်းရှိကာ မြို့တွင်းနှင့် ရန်ကုန်တိုင်းဒေသအတွင်းသာမက ပဲခူးဒေသတ၀ိုက်မှ ဈေးကွက်လေ့လာလိုသူ ရောင်းဝယ်လိုသူများအနေဖြင့်လည်းအလွယ်တကူ ၀င်ထွက်သွားလာ ရောင်းဝယ်နိုင်သည့် နေရာပတ်ဝန်းကျင်တစ်ခု ဖြစ်သည့် အလျောက် စက်မှုလယ်ယာသုံးပစ္စည်းများ၊ ကားနှင့် ဆက်စပ်ရာ ပစ္စည်းအရောင်းအ၀ယ်လုပ်ငန်းများ၊ ကားအရောင်းပြခန်းများကား ပြုပြုထိန်းသိမ်း ပြင်ဆင်ခြင်းလုပ်ငန်းများဖွင့်လှစ်လုပ်ကိုင်လာကြသည်ကိုတွေ့ရသည်။

Property Media Team
www.Property.com

Facebook comments