Oracle ငှားရမ်းအသုံးပြုခဲ့သည့် Bedfort အိမ်ခြံမြေကိုဒေါ်လာသန်း ၅၀ ဖြင့်လွှဲပြောင်းရောင်းချ

javascript


အမေရိကန်အခြေစိုက် DataBase ဆော့ဝဲလ်ထုတ်လုပ်သူ Oracle မှ ငှားရမ်းအသုံးပြုခဲ့သော ၅၂ ဧကကျယ်ဝန်းသည့်အိမ်ခြံမြေကို ပြီးခဲ့သောသီတင်းပတ်က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသို့ ဒေါ်လာ သန်း ၅၀ ဖြင့်ရောင်းချနိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါအိမ်ခြံမြေကို Divco West အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ တာဝန်ယူရောင်းချပေးခဲ့ခြင်းဖြစ်ပြီး ဝယ်ယူသွားသူများမှာ Jumbo Capital Management LLC နှင့် စီးပွားရေးလုပ်ငန်းရှင် Brand Spencer တို့ဖြစ်ကြသည်။ Jumbo Capital Management မှတာဝန်ရှိသူ ဂျေးဟီရစ်နှင့် Brad Spencer တို့က ၎င်းတို့၏အဓိကရင်းနှီးမြှုပ်နှံသူအတွက် ဘက်ဖို့ဒ်အိမ်ခြံမြေဟုနာမည်ကြီးသောအဆိုပါပိုင်ဆိုင်မှုကို လွှဲပြောင်းဝယ်ယူနိုင်ခဲ့ကြောင်းအတည်ပြုပြောကြားခဲ့သည်။ Brad Spencer နှင့်တွဲဖက်ဝယ်ယူခဲ့သော Jumbo Capital Management မှာအိမ်ခြံမြေဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းတစ်ခုဖြစ်ပြီး မန်ဆာချူးဆက်ပြည်နယ်ရှိ ဟင်ကန်မြို့ တွင်အခြေစိုက်ကြောင်းသိရသည်။

Credit: Shwesathtagan 

Facebook comments