မင်္ဂလာဒုံ တပ်စွန့်မြေကိစ္စ မူလပိုင်ရှင် လယ်သမားများ သဘောမတူပါက လျော်ကြေးပေး မြေသိမ်းခြင်းမျိုး ပြုလုပ်၍မရ ဟု မြို့တော်ဝန်ပြော

javascript

မင်္ဂလာဒုံ မြို့နယ်ရှိ တပ်စွန့်မြေကိစ္စ မူလပိုင်ရှင် လယ်သမားများ သဘောမတူပါက လျော် ကြေးပေးမြေသိမ်းခြင်းမျိုးပြုလုပ်၍မရ ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဒီမိုကရေစီတူဒေးသို့ ပြောသည်။

မင်္ဂလာဒုံမြို့နယ်အတွင်းရှိ တပ် စွန့်လွှတ်မြေဧက ၉၀၀ ကျော်ကို ပြန် မပေးဘဲ ရန်ကုန်တိုင်းအစိုးရ၏ညွှန် ကြားချက်အရဟုဆိုကာ လျော်ကြေး ပေးမည့်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်မှုကို လွှတ်တော်ကိုယ်စားလှယ်နှင့် လယ်သမားများ ကန့်ကွက်မှုနှင့်ပတ်သက်၍ အောက်တိုဘာ ၂၀ ရက်က မေးမြန်းခဲ့ ရာတွင် ၎င်းက အထက်ပါအတိုင်းဖြေ ကြားခဲ့ခြင်းဖြစ်သည်။

"သူက ကျွန်တော်တို့ရဲ့ဝန်ကြီးချုပ် ပဲ။ အဖွဲ့ဖွဲ့တယ်ဆိုတာတော့ လိုအပ် မယ်ထင်လို့ အဖွဲ့ဖွဲ့ခဲ့တာထင်ပါတယ်။ မူလပိုင်ရှင်လယ်သမားတွေက သဘော မတူဘူးဆိုရင် လျော်ကြေးပေးတာတို့ ဆောင်ရွက်လို့မရပါဘူး " ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

အောက်တိုဘာ ၁ရရက်က တိုင်း/ခရိုင် အုပ်ချုပ်ရေးမှူးများနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီဝင်များက ရန်ကုန်မြောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ် ရေးအဆောက်အအုံတွင် အစည်းအဝေးခေါ်ယူခဲ့ပြီး ဒေသခံလယ် သမားများ၊ ရပ်မိရပ်ဖများနှင့် လွှတ် တော်ကိုယ်စားလှယ်များကို မြေယာ လျော်ကြေးပေးရေးအဖွဲ့ ဖွဲ့စည်းပြီး ဖြစ်၍ မူများဆွေးနွေးရန်ဟု ပြော ကြောင်း မင်္ဂလာဒုံပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း က ပြောသည်။

အစည်းအဝေးတွင် လယ်ယာ မြေများကို အခြားနည်းလမ်းဖြင့်သုံး စွဲမည်ဆိုပါကလည်း လယ်သမားက ရာခိုင်နှုန်း၂၀၊ ရန်ကုန်တိုင်းအစိုးရ က ရာခိုင်နှုန်း၈၀ ပိုင်ဆိုင်သည်ဆို သောသဘောတူညီချက်ကို လက်ခံ မှခွင့်ပြုမည်ဟူ၍ မြေယာလျော်ကြေး ပေးရေးအဖွဲ့က ပြောကြားခဲ့ကြောင်း ဦးအောင်လှိုင်ဝင်းက ပြောသည်။ နိုင်ငံတော်အစိုးရ၏ မြေစစ် မူဝါဒများနှင့်အညီ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ တိုင်း၊ ဗဟိုအဆင့်ဆင့်သော လယ်ယာမြေနှင့် အခြားမြေများသိမ်း ဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီများအား တရားဝင်ဖွဲ့စည်း ဆောင်ရွက်၍ မင်္ဂလာဒုံမြို့နယ်၊ စမ်း ကြီးဝကွင်းအတွက် မူလပိုင်ရှင်တောင် သူများကိုစိစစ်ခဲ့ပြီး တွေ့ရှိချက်အား တိုင်းဒေသကြီးအဆင့် လယ်^စစ် ကော်မတီသို့ တင်ပြခဲ့ပြီးလည်းဖြစ် ကြောင်း၊ ယခုတိုင်းဒေသကြီးအစိုးရ ကဖွဲ့စည်းသော မြေယာလျော်ကြေး ပေးရေးအဖွဲ့သည် တရားမဝင်ကြောင်း ဦးအောင်လှိုင်ဝင်းက ပြောသည်။

ဦးအောင်လှိုင်ဝင်းက "မူလ ပိုင်ရှင် ၇၃ဦးရှိတယ်လို့ စိစစ်တွေ့ ရှိချက်ကို တိုင်းဒေသကြီးမြေစစ် ကိုတင်ပြထားပါတယ်။ စမ်းကြီး ဝကွင်းမှာ ၅၃ယောက်၊ ထောက်ကြန့် ကွင်းမှာ ၂၀၊ စုစုပေါင်း ၇၃ယောက် ပါ " ဟု ပြောသည်။ တပ်မတော်က ၁၉၉၂ခုနှစ်တွင် သိမ်းဆည်းခဲ့သော ရန်ကုန်မြို့အဝင် မင်္ဂလာဒုံမြို့နယ် အမှတ် ၃လမ်းမ ကြီးနှင့် ခရေပင်လမ်း လမ်းဆုံအနီး အနားရှိ စမ်းကြီးဝကွင်းရှိ ၇၀၉ဧက နှင့် ထောက်ကြံ့ကွင်းရှိ သိမ်းဆည်း ထားသော လယ်ယာမြေဧက ၂၀၀ ကျော်ကို ၂၀၁၄ခုနှစ်တွင် ပြန်လည် စွန့်လွှတ်ခဲ့ပြီး သက်ဆိုင်ရာမြေယာ စိစစ်ရေးအဖွဲ့များကလည်း မြေယာ များနှင့်ပတ်သက်၍ မူလပိုင်ရှင်လယ် သမားများ ဟုတ်၊ မဟုတ် အတည် ပြုချက်များ ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

Source : Democracytoday
Property.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်။

Facebook comments