ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆိုင်ရာ မူဘောင်သဘောတူစာချုပ် စက်တင်ဘာတွင် လက်မှတ်ရေးထိုးမည်

javascript

ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန် တရုတ်အစိုးရပိုင် ကုမ္ပဏီနှင့် မြန်မာအစိုးရကြား မူဘောင် သဘောတူညီမှု စာချုပ်ကိုလာ မည့် စက်တင်ဘာအတွင်း လက် မှတ်ရေးထိုးမည်ဟု ယင်းအထူး စီးပွားရေးဇုန်အကောင်အထည် ဖော်ရေးဆိုင်ရာ တာဝန်ရှိသူတစ် ဦးက ပြောသည်။
ထို့အပြင် အကောင်အထည် ဖော်ရာတွင် တရုတ်နိုင်ငံမှ ရေးဆွဲထားသည့် စီမံကိန်းပုံစံအတိုင်း မဟုတ်ဘဲ ဇုန်၏အရွယ်အစားကို လျှော့ချပြီး အပိုင်းလိုက် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
‘‘စီမံကိန်းကို လျှော့ချမယ်၊ Phase by Phase (အပိုင်းလိုက်) သွားမယ်။ စီမံကိန်းကစဖို့က မကြာတော့ဘူး။ ရှေ့လထဲမှာ စာချုပ်တွေ ဘာတွေစဖြစ်မယ်’’ဟု အထက်ပါတာဝန်ရှိသူက ဆို သည်။
အပိုင်းလိုက်ခွဲ၍ အကောင် အထည်ဖော်ရာတွင် မြန်မာနိုင်ငံဘက်က ရင်းနှီးမြှုပ်နှံနိုင်သည့် ပမာဏ၊ မြန်မာလုပ်ငန်းရှင်ပါဝင် နိုင်သည့် အနေအထားနှင့် မြန်မာဘက်က စီမံခန့်ခွဲနိုင်သည့်အရွယ် အစားအတိုင်းသာ အကောင်အ ထည်ဖော်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောထားသည်။
အဆိုပါ စီမံကိန်းတန်ဖိုးကို တရုတ်နိုင်ငံက ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံဟု သတ်မှတ်ပြီး မြန်မာဘက်ကမူ ထိုပမာဏကို လျှော့ချရန် စီစဉ်ခဲ့သည်။ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂ္ဂိုလ်၏ စီးပွားရေးဆိုင်ရာ အကြံပေး ဒေါက်တာရှောင်တာနဲလ်က ကျောက်ဖြူအထူးစီးပွားဇုန်၏ ပထမစတင်ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖြစ် သင့်သည်ဟု ဆိုထားသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဦးစိုးဝင်းက Nikkei Asian Review သတင်းဌာနနှင့် ဇူလိုင် ၃ ရက်က အထူးတွေ့ဆုံမေးမြန်း ခန်းတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအရွယ်အစား လျှော့ချရေး တရုတ်ထံတောင်းဆို ကြိုးပမ်းမည်ဟု ပြောကြားထား သည်။
‘‘မလိုအပ်တဲ့ ကုန်ကျစရိတ် တွေအားလုံးကို ကျွန်တော်တို့ လျှော့ချသင့်ပါတယ်။ စီမံကိန်း တွေကြီးလေ ပြန်ပေးရဖို့က တာ ၀န်ပိုကြီးလေပါပဲ’’ဟု ဦးစိုးဝင်းက ပြောသည်။ မြန်မာဘက်က မည် မျှလျှော့ချလိုသည်ဆိုသော ကိစ္စ သည် ညှိနှိုင်းမှုအပေါ် မူတည်နေ ပြီး အတိအကျမပြောနိုင်သေးဟု ဦးစိုးဝင်းက ပြောသည်။
၂၀၁၅ က တရုတ်အစိုးရ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ CITIC အုပ်စုဦးဆောင်သည့် လုပ်ငန်းစု တစ်ခုက ယင်းဇုန်ကို ဖော်ဆောင် ခွင့် ရရှိခဲ့သည်။
အဆိုပါ စီမံကိန်းအတွက် ရှယ်ယာအချိုးကို တရုတ်ကုမ္ပဏီ က ၇၀ ရာခိုင်နှုန်းပိုင်ဆိုင်မည် ဖြစ်သည်။
ကျောက်ဖြူအထူးစီးပွားရေး ဇုန်စီမံကိန်းသည် တရုတ်နိုင်ငံ၏ OBOR (ရပ်ဝန်းတစ်ခု၊ လမ်း ကြောင်းတစ်ခု) ၏ အဓိကကျ သည့် အစိတ်အပိုင်းဖြစ်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှုနှင့်တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ ထွက်ပေါက် လည်းဖြစ်ကြောင်း ဒေါက်တာ သန်းမြင့်က ဆိုသည်။
ထိုစီမံကိန်းသည် အိန္ဒိယ သမုဒ္ဒရာဘက် မျက်နှာမူထား သော ကျောက်ဖြူမြို့တွင် အထူး ဇုန်တစ်ခု ဖန်တီးရန်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အကြီးဆုံး ဆိပ် ကမ်းဖြစ်လာမည့် ယင်းစီမံကိန်း လျာထားမှုတွင် ကုန်တင်သင်္ဘော ကြီးများ ဆိုက်ကပ်နိုင်သော ဆိပ် ကမ်းအနီး ၁,၀၀၀ ဟက်တာ ကျယ်သော စက်မှုဇုန်တစ်ခု ပါဝင်မည် ဖြစ်သည်။

Source : 7Daydaily

Facebook comments