အရောင်းအ၀ယ်အေးသော်လည်း ဈေးကွက်ပိုမိုခိုင်မာလာတဲ့ ဒလအိမ်ခြံမြေဈေးကွက်

javascript


 

 

ရန်ကုန်မြို့နှင့်ဒလမြို့နယ် ဆက်စပ်ဒေသကုန်စည်များပို့ဆောင်ရေးနှင့် ကူးသန်းသွားလာရေးအတွက် ရေလမ်းကိုသာ

အားကိုးအားထားပြုခဲ့ရာမှမကြာမီကာလများအတွင်းရန်ကုန်မြို့နှင့် တပြေးညီအလွယ်တကူဆက်သွယ်သွားလာနိုင် တော့ မည့် ဒလတံတားစီမံကိန်းစတင်ခဲ့ပြီဖြစ်သည်။ ဖေဖော်ဝါရီလအတွင်းက တံတားဖွင့်ပွဲ စီမံကိန်းအား စတင် ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပခဲ့ပြီးနောက် ဒလမြို့ ဆိပ်ကမ်းပတ်ဝန်းကျင် အိမ်ခြံမြေဈေးကွက်အနေအထားမှာ ပိုမို ခိုင်မာလာပြီးနောက် ၀ယ်လက်အများစု လာရောက်လေ့လာစုံစမ်းမှုများရှိနေကြောင်းသိရ၍ ကျွန်တော်တို့

Property.com.mm သတင်းမီဒီယာအဖွဲ့မှ ဒလပတ်ဝန်းကျင် အိမ်ခြံမြေဈေးကွက်အခြေအနေများအား ယခုတစ်ပတ် သွားရောက်လေ့လာစုံစမ်းခဲ့ပါသည်။

 

ဒလမြို့နယ်ရပ်ကွက်များအတွင်း လက်ရှိဖြစ်ပေါ်နေသော အိမ်ခြံမြေဈေးကွက်အနေအထားများနှင့် ပတ်သက်၍ဒေသခံ အကျိုးဆောင် တစ်ဦးဖြစ်သူ ကိုဝင်းထွန်း အား မေးမြန်းရာတွင်

“ခုအနေအထားကတော့ ရပ်ကွက်အတွင်းအကွက်လေးတွေလောက်ပဲလာလာမေးကြတာတွေ့ရတယ် လမ်းသွယ် လမ်းသန့် ပေ ၂၀x၄၀ အကွက်တစ်ချို့ သိန်း ၂၅၀ ကနေ ၃၅၀ ၀န်းကျင် နေရာ၊ လမ်းအနေအထားပေါ်မူတည်ပြီး ခေါ်ဆိုဈေးရှိတယ် ပေ ၄၀x၆၀ အကွက်ကို သိန်း ၅၀၀ ကနေ ၇၀၀ ၀န်းကျင်ထိ ခေါ်လာကြတယ် စီမံကိန်း အနီး လမ်းမတန်းတွေဆိုရင်တော့ အရင်လ ဖေဖော်ဝါရီလလောက်ကဆို ပေ ၄၀x၆၀ တစ်ကွက်ကို သိန်း ၂၀၀၀၊ ၂၂၀၀၊ ၂၃၀၀ စသဖြင့် ခေါ်ဈေးရှိခဲ့ပါတယ် ရန်ကုန်မြို့ အိမ်ခြံမြေ ဈေးကွက်အနေအထားက ခုချိန်မှာ ငြိမ်နေပေမယ့် ဒီဘက်တွေကတော့ တံတားစီမံကိန်းလုပ်ဆောင်မယ့် အခြေအနေက ရှိနေတဲ့အတွက် သူ့ အဆက်သွယ်နဲ့သူ စုံစမ်း မေးမြန်နေတာတွေ ရှိပါတယ် အရောင်းအ၀ယ်ကတော့ အေးနေတဲ့ အခြေအနေရှိတယ် မနှစ်ကတော့ မြေဈေးတွေ အတော်လေးတတ်လိုက်တယ် ၂၀၁၄ လောက်က ကိုရီးယား သမ္မတလာပြီး စီမံကိန်းသတင်းထွက်လာတဲ့အချိန်နဲ့ ၂၀၁၅ အစောပိုင်းတွေ လာဝယ်ကြတာတွေများတယ် လက်ရှိမှာတော့ အ၀ယ် သိပ်မလိုက်သေးပါဘူး ၀ယ်ထားပြီး အကွက် တွေလည်း များနေတယ် အလျော့ အတင်းနည်းပြီးဈေးမာလာတဲ့ အခြေအနေတော့ ဖြစ်လာတာပေါ့ ဈေးစုံစမ်းမှုတွေနဲ့ ရပ်ကွက်အတွင်းပိုင်း အရောင်းခေါ်တာတချို့နည်းနည်းပါးပါး ရှိပေမယ့် လမ်းမတန်းနဲ့ နေရာကောင်း မြေကွက် အများစုကတော့ မရောင်းလိုကြသေးတာတွေ့ရပါတယ်” ဟု ကိုဝင်းထွန်းက Property.com.mm သတင်းမီဒီယာအဖွဲ့သို့ ပြောကြားသည်။

 

“တံတားစီမံကိန်းအတွက် ဖယ်ပေးရတာအားလုံးစုစုပေါင်းမြေကွက် ၆၈ ကွက်ပေါ့ ကျွန်တော်တို့ မိသားစုအမွေဆိုင် မြေကွက်လည်းစီမံကိန်းဧရိယာထဲပါသွားပါတယ် အစိုးရကတော့ လျော်ကြေးအနေနဲ့ ကျေနပ်လက်ခံနိုင်တဲ့ အတိုင်း အတာ ပေးပါတယ် အများစုကလည်း လက်ခံကြပါတယ် တံတားဖြစ်လာရင် ဆက်သွယ်သွားလာရေး တော်တော်လေး အဆင်ပြေသွားမယ် ကျွန်တော်တို့ကတွံတေးဇာတိပါ တံတားစီမံကိန်း အမြန်ဆုံး အကောင်အထည် ပေါ်စေချင်နေတာ ကြာပါပြီ သွားလာရေးအတွက်လည်းအဆင်ပြေမယ် နောက်ပြီးသောက်သုံးရေအတွက်လည်း ရေချိုပိုက်လိုင်းတွေပါ ထည့်သွင်းပေးမယ်လို့ ပြောပါတယ် ဒလဘက်ကရေရှားတော့ ဒီလိုစီစဉ်ပေးတာကိုလည်း ၀မ်းသာပါတယ်” ဟု ဒေသခံ တစ်ဦးဖြစ်သူ ဦးလှစိုးကပြောသည်။

 

ဒလတံတားစီမံကိန်းပြီးစီးပါကဒေသခံပြည်သူများအနေဖြင့် ခရီးသွားလာရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် အခြား လူနေမှု အဆင့်အတန်းကဏ္ဍများစွာဖွံ့ဖြိုးလာစေနိုင်ပြီးရန်ကုန်မြို့မှာနေ၍ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ် များဘက်သို့လည်းအလွယ်တကူဆက်သွယ်သွားလာနိုင်တော့မည် ဖြစ်သည်။

 

Property Media Team

www.Property.com.mm

Facebook comments