ပါမစ်မြေ အဝယ်များနေ

javascript

လက်ရှိ ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အတွင်း ပါမစ်မြေကို ဝယ်ယူသူတွေများပြားနေကြောင်းသိရပါတယ်။

ငြိမ်သက်နေတဲ့ ရန်ကုန်အိမ်ခြံမြေဈေးကွက်မှာဆိုရင် သိန်းထောင်ချီတန် အိမ်ခြံမြေအချို့အရောင်းအဝယ်ကောင်းလာကြောင်း အိမ်ခြံမြေ အကျိုးဆောင် အချို့ကပြောပါတယ်။

ဒဂုံမြို့သစ်က အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက သင်္ကြန်ကာလအပြီး ရန်ကုန်အိမ်ခြံမြေဈေးကွက်မှာ ရင်းနှီးမြှုပ်နှံသူတွေအတွက် ပြန်လည်အရောင်းအဝယ်ဖြစ်ပေါ်ပြီး တချို့က ငွေကိုထုတ်ပြီး အရင်းအနှီးလုပ်လာသူတွေများလာပါတယ်။ လက်ရှိမှာဆိုရင် သိန်းသုံးလေးထောင်တန် မြေကွက်တွေတောင်ပြန်ပြီး အရောင်းအဝယ်ကောင်းလာပါတယ်လို့ ပြောပါတယ်။

+++ ကျဈေးနဲ့သာ +++

ပါမစ်မြေ အရောင်းအဝယ်ကောင်းလာပေမဲ့ လက်ရှိပေါက်ဈေးမှာ သုံးပုံတစ်ပုံလောက်ကျဈေးနဲ့သာရောင်းကောင်းနေကြောင်း သိရပါတယ်။

ဒဂုံအရှေ့ပိုင်းမှာဆိုရင် လက်ရှိအရောင်းအဝယ်ဖြစ်တဲ့ နေရာတချို့က ၁၂၃ ရပ်ကွက်၊ ၁၂၆ ရပ်ကွက်၊ ၁၂၇ ရပ်ကွက်၊ ၁၂၈ ရပ်ကွက်တွေမှာအရောင်းအဝယ်သွက်နေကြောင်း သိရပါတယ်။ လတ်တလောအတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ မြေကွက်တချို့ မှာ ၁၀ ပေ၊ ပေ ၂၀ တွေအရောင်းအဝယ်ကောင်းနေပြီး ပေ ၄၀၊ ပေ ၆၀ မြေကွက်တွေမှာလည်း အရောင်းအဝယ်အနည်းငယ်ရှိနေကြောင်းသိရပါတယ်။

ဒဂုံအရှေ့ပိုင်း အိမ်ခြံမြေ အကျိုးဆောင် မအေးအေးသင်းက ကျွန်မတို့ ဒဂုံအရှေ့ပိုင်းမှာဆိုရင် လေးလပိုင်းလောက်ကစပြီး ပါမစ်မြေတွေ အရောင်းအဝယ်ကောင်းခဲ့ပါတယ်၊ ၁ဝပေ၊ ပေ ၂၀ တွေကို လူကြိုက်များပြီးတော့နေမယ့် လူတွေကပိုဝယ်လာပါတယ်˘လို့ ပြောပါတယ်။

လက်ရှိမှာဆိုရင် ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေဝယ်ယူတာကိုမတွေ့ရသေးပါဘူး။ နေထိုင်သူတွေအကြိုက်များတဲ့ ဈေးနှုန်းတွေကတော့ သိန်း ၅၀၊ ၇၅ သိန်း၊ သိန်း ၈၀၊ သိန်း ၁ဝဝ ဝန်းကျင်လောက်အထိ အကြိုက်များပြီး ဝယ်ယူမှုအားကောင်းနေပါတယ်။

ယခင်က ဒဂုံအရှေ့ပါမစ်မြေ ဈေးကွက်မှာဆိုရင် သိန်း၃ဝဝ ကျော်၊ သိန်း ၄ဝဝ မြေကွက်တွေက သိန်း ၁ဝဝ ဝန်းကျင်၊ ၁ဝဝ ကျော်လောက်သာလက်ရှိမှာဈေးရှိ နေကြောင်း သိရပါတယ်။

ဒဂုံလေးမြို့နယ် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူ ကိုအောင်သူရကလည်း ဒဂုံလေးမြို့နယ်တွင်း ပါမစ်မြေဈေးကွက်မှာ သုံးပုံတစ်ပုံလောက်အထိပြန်ရောင်းအားကောင်းနေကြောင်း သိရပါတယ်။

'ကျွန်တော်တို့ အရောင်းအဝယ်လုပ်နေတဲ့ ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင်ပိုင်း၊ အရှေ့ပိုင်း၊ မြောက်ပိုင်းတွေမှာဆိုလဲ အရောင်းအဝယ်က ဈေးကျတယ်၊ ဒါပေမဲ့နေရာ အလိုက် ဈေးနှုန်းတွေကြည့်ပြီး ဝယ်လာကြတယ်၊ ၂၀၁၈ ဖေဖော်ဝါရီလလောက်ကနေစပြီး ပါမစ်မြေအရောင်းအဝယ်မှာ အနည်းငယ်ပြန်သွက်လာခဲ့တယ်လို့ ကို အောင်သူရက ပြောပါတယ်။

ဒဂုံတောင်မှာဆိုရင် ၁၄၅ ရပ်ကွက်၊ ၁၄၆၊ ၁၄၇ ရပ်ကွက်တွေမှာဆိုရင် ၄၅ သိန်း၊ သိန်း ၅၀ တွေပိုပြီးရောင်းကောင်းနေကြောင်းသိရပါတယ်။

ဒဂုံအရှေ့ပိုင်းမှာဆိုရင်လည်း ဈေးနှုန်းအသင့်အတင့်ရှိတဲ့ ၁၃၂ ရပ်ကွက်၊ ၁၃၃ ရပ်ကွက် မြေကွက်တွေက အရောင်းအဝယ်ကောင်းနေကြောင်းသိရပါတယ်။ ဒါ့အပြင် လှော်ကားလမ်းမကြီးမှာဆိုရင် သိန်း ၃၅၀၊ သိန်း ၄ဝဝ တန် ပါမစ်မြေကွက်တွေအရောင်းအဝယ်ကောင်းနေကြောင်းသိရပါတယ်။

ပြည်တွင်းက စီးပွားရေးလုပ်ငန်းအချို့မှာ ငွေပြန်လည်လာတာတွေ၊ ဘဏ်တိုးလျှော့ချတာတွေကြောင့် အိမ်ခြံမြေဘက်ကိုပြန်ဝင်ရာက်လာကြပြီး အိမ်ခြံမြေဈေးကွက်မှာ ပြန်လည်ကောင်းမွန်လာဖို့ မျှော်လင့်နေကြကြောင်း အိမ်ခြံမြေအကျိုးဆောင်တွေဆီကသိရပါတယ်။

Source : The Kumudra

Facebook comments