အိမ်ခြံမြေနှင့် ဝန်ဆောင်မှုကောင်းတစ်ရပ်

javascript

Your Property Finder က အကျိုးဆောင်လုပ်ငန်းပြုလုပ်တယ်။ Real Estate မှာမှ အရောင်း၊ အဝယ်၊ အငှား ပြုလုပ်တယ်။ အရောင်း/အငှားမှာဆို ရန်ကုန်မြို့မှာရှိတဲ့ ကွန်ဒို၊ တိုက်ခန်း၊ လုံးချင်း၊ ဂိုဒေါင်၊ စက်မှုဇုန် စသဖြင့် အကုန်လုပ်ပါတယ်။အဓိက ငှားပေးတဲ့ လူတွေကတော့ နိုင်ငံခြားသား အိမ်ငှားတွေကို ငှားပေးပါတယ်။ နိုင်ငံခြားသား အိမ်ငှားတွေထဲမှာမှ သံရုံးအဖွဲ့၊ NGO အဖွဲ့၊ MNC Company များရဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို အငှားလုပ်ပါတယ်။ အမတို့ဆီမှာ အခုလောလောဆယ် ရောင်းဖို့ငှားဖို့ အပ်ထားတဲ့ Listing အခု (5000) ရှိပါတယ်။ တခြား နိုင်ငံခြားက Property တွေကိုလည်း အရောင်းအဝယ်လုပ်ပေးတယ်။ နိုင်ငံခြားမှာတော့ Asia မှာဆို စင်္ကာပူ၊ ဘန်ကောက်၊ ဗီယက်နမ်(Ho Chi Min)၊ ကမ္ဘောဒီးယား(Phnom Penh) ပြုလုပ်တယ်။ ဥရောပ မှာဆို လန်ဒန်(UK)၊ သြစတေးလျ၊ နယူးဇီလန် စသဖြင့် လုပ်တယ်ပေါ့။အမ Company က အခြားလူတွေနဲ့ မတူတဲ့ အချက်က Over Sea Property တွေကို ပြုလုပ်တယ်။

အမ Company အကြောင်းပြောရမယ်ဆိုရင် ခု YPF property က အမ တစ်ဦးထဲ ပိုင်ပေါ့နော်။အမ 2014 ခုနှစ်က စဖွင့်တာဆိုတော့ (4) နှစ်နီးပါးလောက်ရှိပါပြီး။ နိုင်ငံခြားမှာကတော့ 2006 ခုလောက် အမ ကျောင်းပြီထဲက စပြီး ပြုလုပ်တာဆိုတော့ ကြာပါပြီ။အဓိက မြန်မာပြည်မှာ Real Estate စလုပ်ရတဲ့ အကြောင်းကတော့ 2011/2012 မှာ မြန်မာပြည်မှာ Condo တွေခေတ်စားလာတဲ့ အတွက်ကြောင့် စင်္ကာပူမှရှိတဲ့ မြန်မာတွေကို မြန်မာပြည်က ကွန်ဒိုတွေ ရောင်းပေးခဲ့တယ် ပြီးတော့ မြန်မာပြည်က Developer တွေက ကမ်းလှမ်းလာတဲ့ အတွက်ကြောင့် 2014 ခုနှစ် မှာ YPF Real Estate ကို စတင်တည်ထောင် ခဲ့ခြင်းဖြစ်ပါသည်။

စင်္ကာပူနိုင်ငံနဲ့ မြန်မာပြည် ဝန်ဆောင်မှုကွာခြားချက်သိပ်မရှိပါဘူး။ စင်္ကာပူမှာ ရောင်းဝယ်ငှား ပြုလုပ်ပေမဲ့ စင်္ကာပူနိုင်ငံသားတွေကိုဘဲမဟုတ်ပါဘူး ကိုယ်မြန်မာနိုင်ငံက မြန်မာနိုင်ငံသားတွေကိုဘဲ အလေးပေးပြီးပြု လုပ်သွားတာပါ။စင်္ကာပူမှာလဲ အမ အောက်က Team ရှိတဲ့အတွက်ကြောင့် Agent တွေကို သေချာ train ပေးထားတဲ့အတွက် အဆင်ပြေတယ်။ စင်္ကာပူမှာကျတော့ ဘာပဲလိုချင်လိုချင် အိမ်ခန်းငှား တာဘဲဖြစ်ဖြစ်၊ ရုံးခန်းငှားတာဘဲ ဖြစ်ဖြစ်၊ ဆောက်လုပ်ပြီးသား ကွန်ဒို ကြိုပွိုင့်ဝယ်မလား စသဖြင့် ဝန်ဆောင်မှုပေးပါတယ်။

တစ်ခုရှိတာက အမတို့စင်္ကာပူနိုင်ငံမှာက Any How Agent လုပ်လို့မရဘူး။ လိုင်စင်ရှိတဲ့လူ ဒါမှမဟုတ် စင်္ကာပူနိုင်ငံသား(သို့)စင်္ကာပူ PR ခံယူထားတဲ့လူမှသာ Real Esate ကို လုပ်ကိုင်လို့ရတယ်။ အဲ့ဒါတောင်မရသေးဘူး စာမေးပွဲဖြေရသေးတယ် အောင်မှ Agent လုပ်လို့ရတယ်။ သေသေချာချာနဲ့ ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်မှ လုပ်လို့ရပါတယ်။လူတိုင်း Agent လုပ်လို့မရပါဘူး။အဲ့ဒါတော့ မြန်မာပြည်နဲ့ မတူဘူး။

နိုင်ငံခြား Market နဲ့ မြန်မာပြည် Market ကကျတော့ သတိထားမိတာကတော့ အခုလက်ရှိ မြန်မာပြည်မျာ နိုင်ငံခြားသားကို ပေးမဝယ်သေးဘူး။ နိုင်ငံခြားမှာကျတော့ အမက မြန်မာ နိုင်ငံသားကို ပိုပြီး ဦးစားပေးတာဆိုတော့ သူတို့တွေက အခြားနိုင်ငံသားကို Officially လည်းပေးဝယ်တယ်၊ ဘဏ်နဲ့ ချိတ်ဆက်ဝယ်လဲရတယ်။ အဲ့ဒါကြောင့် ဈေးကွက်အခြေနေ ကွာသွားတာလဲ ဖြစ်နိုင်တယ်။ ဘာလို့လဲ ဆိုတော့ Local တစ်ခုထဲနဲ့ကျတော့ Market တစ်ခုအတွက်က မလုံလောက်ဘူး နိုင်ငံခြားသား အကုန်ပေါ့ Open Up လုပ်လိုက်ပြီးတော့မှ ပေးဝယ်မှပဲ နိုင်ငံတစ်ခုရဲ့ ဈေးကွက်တစ်ခုက Healthy ဖြစ်ပြီး အမြဲ ရှင်သန်နေမယ်လို့ ထင်မိပါတယ်။

အမတို့ရဲ့ ဝန်ဆောင်မှု အကြောင်းကတော့ အခြား Company နဲ့ ကွာခြားချက်ကတော့ အမတို့က ဝန်ဆောင်မှုပေးတဲ့ အခါမှာ ရောင်း/ဝယ်/ငှား တာပဲဖြစ်ဖြစ် သေသေချာချာ လုပ်ပေးပါတယ်။ ဘာလို့လဲဆိုတော့ အမတို့က စာချုပ်ချုပ်ပြီးဆိုတာနဲ့ ဒီလူက ဒီအိမ်လေးကို ပြောင်းမယ် ဒီအိမ်မှာ ဒီပစ္စည်းလေးက ပျက်တာ စသဖြင့်ပေါ့နော် ပြီးတော့ အိမ်ရှင့်နဲ့ ပြောဖို့လိုအပ်လာရင်လဲ အမတို့က တာဝန်ယူပေးတယ်။အမတို့ရတဲ့ Agent Fees က အခြား အကျိုးဆောင်တွေနဲ့ အတူတူပဲ ဒါပေမဲ့ အမတို့က စာချုပ်ချုပ်တဲ့ နေရာမှာ ဝန်ဆောင်မှု မရပ်သွားဘဲနဲ့ စာချုပ်သက်တမ်း ၁နှစ်ဆို ၁နှစ် / ၆လဆို ၆လ နေတဲ့သကာလလုံး အပြီးထိတာဝန်ယူပေးတယ်။ အချို Company တွေက စာချုပ်ပြီးတာနဲ့ ဝန်ဆောင်မှုမရှိတော့ဘူးလေ။ အမတို့ကကျတော့ အဲ့လိုမဟုတ်ပါဘူး ကိုယ့် Customer ကို အပြီးထိ တာဝန်ယူသော ဝန်ဆောင်မှုပေးထားပါတယ်။ အမက စာချုပ်ချုပ်ပြီးတာနဲ့ ပြီးသွားပြီးဆိုတာမျိုးလုံးဝ အဖြစ်မခံပါဘူး။အမတို့ Company ကို Service ပိုင်းမှာ အကောင်းဆုံးဖြစ်အောင် ရုံးက ဝန်ထမ်းတွေကိုလဲ Train ပေးထားပါတယ်။

နောက်တစ်ခုက Customer ဘက်ကို ထည့်စဉ်းစားပေးတယ် ။ပွဲဖြစ်ဖို့ အတွက် မဟုတ်ဘဲနဲ့ Customer အတွက် ဒီနေရာကတော့ ဝယ်ရင် နောက်နှစ်တွေမှာ ဘယ်လိုဖြစ်မယ် ၊ဒီတိုက်ခန်းဝယ်ရင်တော့ ပြန်ရောင်းရင် ဘယ်လိုမြတ်မယ်စသဖြင့်ပေါ့နော် တစ်ချို့ကတော့ နေဖို့အတွက်မဟုတ်ဘဲ ငှားစားဖို့အတွက် ဝယ်တဲ့ Customer တွေဆို ဘယ်နေရာ ဝယ်ရင်တော့ ဘယ်လိုဆိုပြီးတော့ Customer ဘက်ကနေတွေးပြိး အကြံဥာဏ်ပေးလေ့ရှိတယ်။ဒါမှ ဝယ်မဲ့ ဝယ်သူသည် စိတ်ချမ်းချမ်းသာသာနဲ့ ဝယ်ယူရမယ် ကိုယ် Company ကိုလဲ ယုံကြည်မှုပိုရစေတဲ့ အပြင် ဒီ Customer နဲ့လဲ ရေရှည်ဆက်ဆံနိုင်မယ်လို့ မချမ်းမေသူက ပြောပြထားပါသည်။

Source : Your Property Finder Real Estate Agency 
MD : Ma Charm May Thu
https://www.facebook.com/YourPropertyFinder/

Facebook comments