ကျူးကျော်အဖြစ် သတ်မှတ်ခံရတဲ့ ဗဟန်း ဆာဘိုးသာခြံ အိမ်ရာစီမံကိန်း ဆောက်မည်

javascript

ဗဟန်းမြို့နယ် ငါးထပ်ကြီးတောင်ရပ်ကွက် က ကျူးကျော်အဖြစ် သတ်မှတ်ခံရ တဲ့ ဆာဘိုးသာခြံလမ်းမှာ အိမ်ရာစီမံကိန်းတစ်ခု ဆောက်လုပ်သွားမှာ ဖြစ် တယ်လို့ သည်ကနေ့ ဒေသခံတွေနဲ့ တွေ့ဆုံပွဲမှာ အဆိုပါခြံရဲ့ အမွေဆက် ဆံသူတွေ က ပြောကြားလိုက်ပါတယ်။

“ အိမ်ရာစီမံကိန်းဆောက်ပေမယ့် ဒီမှာနေတဲ့သူတွေက အိမ်ရာပြီးစီးသွားရင် ယခင်အတိုင်း နေအိမ်တွေ ပြန်လည်ရရှိမှာပါ” လို့ ဆာဘိုးသာခြံရဲ့ အမွေ ဆက်ဆံသူတွေထဲက တစ်ဦး ဖြစ်တဲ့ ဦးကျော်ပိုင် က ပြောပါတယ်။

အဆိုပါ မြေမှာ အမွေဆက်ဆံသူတွေနဲ့ ကိုရီးယားဆောက်လုပ်ရေး လုပ်ငန်း တစ်ခု ပူးပေါင်းပြီး အိမ်ရာစီမံကိန်း ဆောက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါ တယ်။

အိမ်ရာဆောက်နေစဉ်အတွင်းမှာလည်း ဒေသခံတွေ နေထိုင်ဖို့အတွက် စီ စဉ်ပေးမယ်လို့ သိရပါတယ်။

အစိုးရအနေနဲ့ ဒီနေရာကို မြို့ပြအင်္ဂါရပ် နဲ့ မညီဘူးလို့သတ်မှတ်ထားတယ် လို့လည်းသိရပါတယ်။

ဆာဘိုးသာခြံလမ်းဟာ မြို့ ပြအင်္ဂါရပ်နဲ့ မညီတဲ့ ခြံကို အမွေ ဆက်ခံသူတွေ ကတော့ မြို့ပြအင်္ဂါရပ်နဲ့ ညီအောင် လုပ်ဆောင်သွားဖို့ လွန်ခဲ့တဲ့ ၂နှစ်က တည်းက ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

“အစိုးရဘက်က ကျူးကျော်စာရင်းတပ်ပေမယ့် ဒီမြေပေါ်က လူတွေ မပြောင်း မရွေ့ဖို့ က ကျွန်တော် အာမခံပါတယ် စိုးရိမ်မှုတွေ လျှော့ ကျကြပါ ”လို့ ဦးကျော်ပိုင် က ပြောပါတယ်။
အစိုးရက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး ဖြစ်ကာ ခြံထဲက ဒေသခံ တွေ အတွက် ပြောဆိုထားပြီးဖြစ်တယ်လို့ သူက ပြောပါတယ်။

တိုင်းအစိုးရက စာရင်းကောက်ပေမယ့် ပြောင်းရွေ့ဖို့ အစီအစဉ်တွေ လုပ်ေ ဆာင်မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

“ ပထမကျူးကျော်ဆိုပြီး ခေါင်းစဉ်တပ်တော့ ပေါက်ကွဲတာပေါ့ ခု သူဌေးက သူ အာမခံတယ်ဆိုတော့ ဘာပဲပြောပြော ဒေသခံတွေ အားလုံးက သဘောတူ ပါတယ် ” လို့ အဆိုပါ ခြံလမ်းမှာ နေထိုင်တဲ့ ဦးနေ၀င်းက ပြောပါတယ်။

၂၀၁၇ခုနှစ် ဇွန်လ ၁၂ရက်နေ့မှာတော့ ဗဟန်းမြို့နယ် မှာ ကျူးကျော်စာရင်း စတင်ကောက်ခံပြီး ကျူးစလစ်ကဒ်တွေ ထုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဆာ ဘိုးသာခြံမှာ နေထိုင်တဲ့ ပြည်သူတွေကတော့ ကျူးစလစ်ကဒ် သွားရောက်မ ထုတ်ယူခဲ့ကြပါဘူး။

ဆာဘိုးသာခြံလမ်းဟာ ၈ဧကခွဲ ကျယ်ဝန်းပြီး အိမ်ထောင်စု ၃၇၃စု နေ ထိုင်ကြတယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် အစိုးရကတော့ ဒုတိယအကြိမ် ကျူးကျော်စာရင်းထပ်မံ လာေ ကာက်မယ့် အချိန်ကို မသိရသေးပါဘူး။ ဒုတိယကမ္ဘာစစ် မတိုင်ခင်က တည်း က ဆန်စပါးကုန်သည် ဦးဘိုးသာ က သူ့ရဲ့ လုပ်ငန်းမှာ လုပ်ကိုင်သူ ၁၄ဦးကို ယခုမြေပေါ်မှာ နေထိုင်ခွင့်ပေးခဲ့တာလို့ သိရပါတယ်။

ဦးဘိုးသာဟာ အလှူအတန်းရက်ရောတာကြောင့် အင်္ဂလိပ်အစိုးရ က ဆာဘွဲ့ ချီးမြှင့်ခြင်းခံရသူလည်း ဖြစ်ပါတယ်။

Source : The Kumudra
Property Links >>>>>>>>>http://property.com.mm/index.php/en

Facebook comments