ပြင်ဦးလွင် သစ်တောမြေ ၉၀ ရာခိုင်နှုန်းခန့် ပြန်လည်ရောင်းချထားဟုဆို

javascript
ပြင်ဦးလွင်မြို့နယ် အတွင်း သစ်တောမြေပေါ်က စိုက်ပျိုးခွင့်ချ ထားပေးမှုေ တွမှာ စည်းကမ်းနဲ့ညီညွတ်မှုရှိမရှိ ကွင်းဆင်းစစ်ဆေးရာမှာ ၉၀ ရာခိုင်နှုန်း ခန့်က အကုန်လုံး လွှဲပြောင်းရောင်းချထားတာ စစ်ဆေးတွေ့ရှိရတယ်လို့ ပြင် ဦးလွင်မြေယာ စစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်ဦးအောင်မင်းကပြောပါတယ်။

လုပ်ငန်းစဉ်ဆောင်ရွက်မှုတွေကို ၂၀၁၆ ခုနှစ်ဒီဇင်ဘာ ၂၃ ရက်နေ့က စ တင်ခဲ့ကာ ကော်ဖီစိုက်ပျိုးမှု၊ ပုဂ္ဂိလက နှစ်ရှည်စိုက်ပျိုးမှု၊ အစုစပ်စိုက်ပျိုးမှု လုပ် ငန်းဆိုပြီး ခေါင်းစဉ်သုံးမျိုးနဲ့ စစ်ဆေးနေတာဖြစ်တယ်။ စစ်ဆေးမှုမှာ မြေဧက ၁၀,၀၀၀ ကျော်ကို စစ်ဆေးနိုင်ခဲ့ပြီး အခုလ ၂၀ ရက်နေ့မှာ စစ်ဆေးမှုလုပ် ငန်းတွေ ပြီးဆုံးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

'ကွင်းဆင်းစစ်ဆေးတာပြီးလို့ ရုံးမှတ်တမ်းတွေ လိုက်နေပြီ၊ တချို့နေရာတွေ ကတော့ တကယ်စိုက်တာတွေရတယ်၊ တချို့ကတော့ မစိုက်ဘဲ အကွက် ရိုက်ရောင်းနေတာတွေလဲတွေ့ရတယ်။ တောင်သူတွေကို ပြန်ပြီး ချပေးနေ တာတွေလဲတွေ့ရတယ်၊ ပြင်ဦးလွင်အတွက်တော့ အစီရင်ခံစာတင်တော့မယ်။ သစ်တောနဲပဆိုင်တာဆိုတော့ ပုသိမ်ကြီးတို့ မတ္တရာတို့မှာလဲရှိတယ်။ ကဏ္ဍ တစ်ခုချင်းအလိုက်အစီရင်ခံစာတင်မယ်။ တစ်နေရာနဲ့ တစ်နေရာမတူလို့' လို့ ဒေါ်သဲစုဝေက ပြောပါတယ်။

ပြင်ဦးလွင်ခရိုင်အတွင်းက စစ်ဆေးတွေ့ရှိချက်တွေနဲ့ပတ်သတ်ပြီး အခုလ ၂၆ ရက်နေ့က ဌာနဆိုင်ရာတွေ ပါဝင်တဲ့ အစည်းအဝေးတစ်ခုလည်း ပြုလုပ်ပြီး ခဲ့ပြီဖြစ်လို့ စစ်ဆေးတွေ့ရှိချက်တွေကို တိုင်းအစိုးရကို လာမယ့်အပတ် အ တွင်းမှာ တင်ပြသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပြင်ဦးလွင်မြို့နယ်ရဲ့ မြေဧရိယာအကျယ်ဟာ ၄၈၈,၇၉၄ ဧကရှိပြီး လေးပုံ သုံး ပုံဟာဆိုရင် သစ်တောမြေဖြစ်တယ်။ စိုက်ပျိုးလုပ်ကိုင်ခွင့် ချပေးထားတဲ့ မြေေ တွကို ကွက်စိတ်ရိုက်ရောင်းချထားတာတွေ၊ လွှဲပြောင်းရောင်းချတာတွေကို ထိထိရောက်ရောက်အရေးယူးပေးဖို့အဆိုကို ပြီးခဲ့တဲ့နှစ်အောက်တိုဘာလ ၂၃ ရက်နေ့က ကျင်းပတဲ့ တိုင်းဒေသကြီးလွှတ်တော် တတိယ ပုံမှန် အစည်း အဝေးမှာ ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) က လွှတ်တော် ကိုယ်စား လှယ် ဦးအောင်မင်းက တင်သွင်းတခဲ့တာဖြစ်ပြီး ပြည်ကြီးတံခွန်မြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မောင်၊ ငါန်းဇွန်မြို့နယ်မှ ဒေါ်သဲ စုဝေ၊ နွား ထိုးကြီးမြို့နယ်မှ ဒေါ်ငြိမ်းသက်နွယ်၊ ပုသိမ်ကြီးမြို့နယ်မှ ဦးရဲမင်းဦးတို့ က ထောက်ခံဆွေးနွေးခဲ့ပြီး လုပ်ငန်းအကောင်အထည်ဖော်ဖို လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

'ကျွန်တော်တင်ထားတဲ့အဆိုကို မှန်ကန်တယ်ဆိုတာကို ပြရတာပေါ့ ဒီမိုကေ ရစီနိုင်ငံ အဖြစ်သွားနေတဲ့အခါမှာ အားလုံးကတော့ ပူပေါင်းလုပ်ဆောင်ဖို့ လိုတယ်။ အခုဆိုရင် သစ်တောတွေမှာ ထပ်ကျူးတာတွေက နဂိုစာရင်းတွေ မရှိတော့ဘူး။ မူလပိုင်ရှင်စာရင်းမပေါက်တော့ဘူး' လို့ပြင်ဦးလွင်မြို့နယ် မဲ ဆန္ဒနယ်အမှတ် (၁) က လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းကပြော ပါတယ်။

စစ်ဆေးမှုကိုတော့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၁၅ ယောက် က အဖွဲ့သုံးဖွဲ့ခွဲကာ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

Source : The Kumudra
Property Links >>>>>>>>>http://property.com.mm/index.php/en

Facebook comments