ဗဟိုဘဏ်ငွေလဲနှုန်း ကန်တစ်ဒေါ်လာ ငါးကျပ်အထိ မြင့်တက်ပြီး ပြင်ပဈေးကွက်တွင် ကျပ် ၁ဝ အထိ မြင့်တက်လာ

javascript
ယခုရက်ပိုင်း အတွင်း ဗဟိုဘဏ်၏ငွေလဲနှုန်း အမေ ရိကန်တစ်ဒေါ်လာလျှင် ငါးကျပ်နီး ပါးမြင့်တက်ခဲ့ခြင်းကြောင့် ပြင်ပ ဈေးကွက်အတွင်း တစ်ဒေါ်လာ လျှင် ကျပ် ၁ဝ အထိမြင့်တက်ခဲ့ကြောင်း ငွေကြေးဈေးကွက်လေ့လာသူများ ထံမှ သိရသည်။

ယခုလဆန်းပိုင်းက အမေရိ ကန်တစ်ဒေါ်လာလျှင် ၁၃၅၇ ကျပ် ရှိခဲ့ရာမှ မတ် ၉ ရက်က အမေရိကန် တစ်ဒေါ်လာလျှင် ၁၃၆ဝ ကျပ်၊ မတ် ၁ဝ ရက်တွင် ၁၃၆၂ ကျပ်သို့အသီး သီးမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ငွေကြေး ဈေးကွက်လေ့လာသူ ဦးနိုင်မြင့်က ''ဒီအပတ် ထဲမှာတော့ ပြည် တွင်း ဒေါ်လာဈေးက နည်းနည်း ပြန်တက်လာတယ်။ ဗဟိုဘဏ်နှုန်း မှာ တစ်ဒေါ်လာကိုငါးကျပ်လောက် တက်လာပြီး ပြင်ပဈေးကွက်မှာတော့ တစ်ဒေါ်လာကို ၁ဝ ကျပ်ကျော် လောက်တက်သွားတယ်'' ဟု မတ် ၁၁ ရက် က ဒီမိုကရေစီတူဒေးသို့ပြော သည်။

ယခင်အပတ်အတွင်း ပြင်ပဈေး ကွက်အတွင်း အမေရိကန်တစ်ဒေါ် လာလျှင် ၁၃၅၅ ကျပ်ဝန်းကျင်မှ လက်ရှိ အမေရိကန်တစ်ဒေါ်လာလျှင် ၁၃၆၈ ကျပ် ဝန်းကျင်သို့ရောက် ရှိ နေကြောင်း သိရသည်။
စီးပွားရေးပညာရှင်ဦးလှမောင် က ''ဈေးနှုန်းကတော့ အမြဲတမ်းအတက်၊ အကျ ဆိုတာတော့ ရှိနေမှာပါ။ လက်ရှိ ကမ္ဘာ့စီးပွားရေးအခြေ အနေရော၊ မြန်မာ့စီးပွားရေးရော အပြောင်းအလဲတော့ သိပ်မရှိဘူး။ ငြိမ်နေတယ်။ ဒါပေမဲ့သင်္ကြန်ပွဲတော် ရက်နီးလာတာတယ်။ ဘဏ္ဍာနှစ်ကုန် ခါနီးဖြစ်တဲ့တွက် ငွေကြေးဈေးကွက် နည်းနည်းလှုပ်လာတဲ့သဘောပါ။ နှစ် တိုင်းလည်း ဒီလိုအချိန်တွေမှာတော့ ဒေါ်လာဈေးက နည်းနည်းတော့ တက် လေ့ ရှိပါတယ်'' ဟု ဆိုသည်။

ယခုအပတ်အတွင်း ပြည်တွင်း ပုဂ္ဂလိကဘဏ်အချို့ငွေလဲနှုန်းများ အရ အမေ ရိကန်တစ်ဒေါ်လာလျှင် ဝယ်ဈေး ၁၃၆၄ ကျပ်၊ ရောင်းဈေး ၁၃၆၉ ကျပ်၊ ယူရို တစ်ယူရိုလျှင် ဝယ်ဈေး ၁၄၃ဝ ကျပ်၊ ရောင်းဈေး ၁၄၃၉ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာ လျှင်ဝယ်ဈေး ၉၅၇ ကျပ်၊ ရောင်းဈေး ၉၆၅ ကျပ်နှင့် ထိုင်းတစ် ဘတ်လျှင် ဝယ်ဈေး ၃၈ ကျပ် ၊ ရောင်းဈေး ၃၈ ဒသမ၅ ကျပ်ဖြင့် အရောင်း အဝယ်ပြု လျက်ရှိကြောင်း သိရသည်။ 

Source: DemocracyToday

Facebook comments