ရန်ကုန်တွင် ပင်လယ်ဆိပ်ကမ်းတစ်ခု တည်ဆောက်မည်ဟု ဦးဖြိုးမင်းသိန်းပြောကြား

javascript

ရန်ကုန်မြို့တွင် ပင် လယ်ပြင်ကို မျက်နှာမူထားသည့် အဆင့်မြင့် ပင်လယ်ဆိပ်ကမ်း တစ်ခု တည်ဆောက်မည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြား သည်။

ဖေဖော်ဝါရီ ၂၅ရက်က ပြု လုပ်သော လှည်းကူးမြို့နယ်ရှိဒေ သခံများနှင့် ရန်ကုန်တိုင်းဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းတို့ တွေ့ဆုံပွဲ တွင် ၀န်ကြီးချုပ်က အထက်ပါအ တိုင်းပြောကြားသည်။

‘‘ရန်ကုန်မြို့ဟာ ပင်လယ် ကို မျက်နှာမူထားတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ က ပင်လယ်ကို အသုံးမချနိုင်ခဲ့ပါ ဘူး။ ရန်ကုန်မြို့ကို ပင်လယ်ဆိပ် ကမ်းတစ်ရပ်ကို ရန်ကုန်မြို့ရဲ့ ပင် လယ်ဘက်ကို မျက်နှာမူထားတဲ့ ပင်လယ်ဘက်ကိုရွှေ့ပြောင်းဖို့အ တွက် ဆန်းစစ်မှုတစ်ရပ်ဆောင် ရွက်နေပါတယ်။ လက်ရှိဆိပ်ကမ်း တွေအားလုံးဟာ ရန်ကုန်မြစ်ထဲ မှာပဲရှိပါတယ်။ ကျွန်တော်တို့ ရန် ကုန်မြစ်ထဲကို သင်္ဘောကြီးတွေ မ၀င်နိုင်ပါဘူး။ အဲဒီတော့ စင်ကာ ပူက သင်္ဘောသေးသေးလေးတွေ နဲ့ ကုန်တွေကို ကဲ့နေရတဲ့သဘော ရှိပါတယ်။ ကျွန်တော်တို့ဆီမှာ သယ်ယူပို့ဆောင်ရေးစရိတ်တွေ က အလွန်အင်မတန်ကို ကြီးလေး ပါတယ်။ ဆိပ်ကမ်းကို အဆင့်မြှင့် တင်နိုင်ဖို့အတွက် ပင်လယ်ဘက် ကို မျက်နှာမူဖို့အတွက် ဆန်းစစ် မှုတစ်ရပ်လုပ်နေပါတယ်’’ဟု ဦး ဖြိုးမင်းသိန်းက ဆိုသည်။

ရန်ကုန်မြို့တွင် ရန်ကုန်အ ပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းခုနစ်ခု ရှိပြီး အေးရှားဝေါဆိပ်ကမ်း၊ ထီး တန်းဆိပ်ကမ်း၊ မြန်မာစက်မှုဆိပ် ကမ်း၊ ဆူးလေဆိပ်ကမ်း၊ ဗိုလ် အောင်ကျော်ဆိပ်ကမ်း၊ အမှတ် (၄)သီလ၀ါဆိပ်ကမ်း(MIPL)နှင့် မြန်မာအပြည်ပြည်ဆိုင်ရာသီလ ၀ါဆိပ်ကမ်း(MITT)တို့ဖြစ်သည်။ ယင်းဆိပ်ကမ်းများသည် ရန်ကုန် မြစ်အတွင်း တည်ဆောက်ထား သည့် ဆိပ်ကမ်းများဖြစ်သည်။

ထို့အပြင် ရန်ကုန်မြို့တစ် ဘက်ကမ်းရှိ ဒလမြို့နှင့် ကြည့် မြင်တိုင်မြို့နယ်တို့တွင် မြို့သစ်စီမံကိန်း ရန်ကုန်အထူးစီးပွားရေးဇုန်တစ်ရပ် ထူထောင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောသည်။

‘‘ဒလဘက်ကိုလည်း မြို့သစ် စီမံကိန်းအထူးတစ်ရပ်၊ ရန်ကုန်အ ထူးစီးပွားရေးတစ်ရပ် ထူထောင် နိုင်ဖို့အတွက် စီမံကိန်းတစ်ရပ် ရေးဆွဲ ဆောင်ရွက်နေတယ်ဆို တာကို ပြောချင်ပါတယ်။ ရန်ကုန် မြို့ရဲ့ တစ်ဖက်ကမ်းမှာရှိနေတဲ့  ကြည့်မြင်တိုင်ဘက်ကိုလည်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ ပြီးခဲ့ တဲ့အစိုးရသက်တမ်းတုန်းက ဆောင်ရွက်ခဲ့တဲ့ စီမံကိန်းဖြစ်ပါ တယ်။ ဒါပေမဲ့ ကုမ္ပဏီသုံးခုကို ဆောင်ရွက်ဖို့ အခြေအနေပေး လိုက်တဲ့အတွက်ကြောင့် ပြည်သူ လူထုတစ်ရပ်လုံးက မကျေနပ်ခဲ့ ပါဘူး။ အစိုးရသစ်ဟာ အစိုးရ ဟောင်းရဲ့ ကောင်းမွေဆိုးမွေများ ကို ဆက်ခံရပါတယ်။ ကျွန်တော် တို့အစိုးရသစ်က ဒီကုမ္ပဏီသုံးခု ကို ၀ကွက်အပ်လိုက်မှာမဟုတ် ပါဘူး’’ဟု ၎င်းက ဆက်လက်ပြော ကြားသည်။

ထို့အပြင် လက်ရှိပြေးဆွဲနေ သော YBSယာဉ်လိုင်းများကို အ ဆင့်မြှင့်တင်မည်ဖြစ်၍ ကားသစ်အစီးရေ ၃,၀၀၀မှာကြားထားပြီး လာမည့်မတ်လအကုန်တွင် ယင်းကားသစ်များ ရောက်ရှိလာမည်ဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြော သည်။ YBS ယာဉ်လိုင်းများကို လာမည့်ဧပြီလကုန်တွင် စုစုပေါင်း ကားအစီးရေ ၄,၅၀၀ဖြင့် ပြေးဆွဲ မည်ဟု ၎င်းကဆိုသည်။

Source : 7day Daily News

Facebook comments