မန္တလေးမြို့တွင် ဟိုတယ် အလုံးရေ ၃ဝ ကျော် ထပ်မံ ဆောက်လုပ်မည်၊ ယခုနှစ်ကုန်ပိုင်းတွင် ဟိုတယ် အလုံးရေ ၂၂ဝ ကျော် အထိ ရှိလာနိုင်

javascript
နိုင်ငံတကာ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာနေပြီဖြစ်သည့် မန္တလေး မြို့တွင် ဟိုတယ်အလုံး ၃ဝ ကျော် ထပ်မံ အသစ်ဆောက်လုပ် မည်ဖြစ်သော ကြောင့် ၂ဝ၁၇ ခုနှစ်ကုန်ပိုင်းတွင် မန္တလေးမြို့၌ ဟိုတယ် အလုံးပေါင်း ၂၂ဝ ကျော်အထိရှိလာမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ 

အသစ်ဆောက်လုပ်မယ့် ဟိုတယ်တွေအတွက် ဝန်ကြီးဌာနကနေ ချမှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ကိုက်ညီမှု ရှိမရှိကို စစ်ဆေး လျက်ရှိပြီး မီးငြှိမ်းသတ်ကိရိယာတွေ၊ အချက်ပေးစနစ်တွေ၊ အရေးပေါ် ထွက်ပေါက်တွေပိုင်းနဲ့ ပတ်သက်လို့ ကတော့ အဆောက်အအုံ ဒီဇိုင်းပုံစံကို မီးသတ်ဦးစီးဌာနက နေစစ်ဆေးအကြံပြုပေးမှာပါ။ လက်ရှိမှာတော့ မန္တလေးမြို့မှာ ဟိုတယ်အလုံးရေ ၁၈၉ လုံး၊ အခန်းအားဖြင့် ၇၅၅၇ ခန်းအထိရှိရာမှာ ၂ဝ၁၆ ခုနှစ်ကဆိုရင် ဟိုတယ် အခန်းအရေအတွက် အားလုံးရဲ့ ၅၁ ရာခိုင်နှုန်းအထိ ကမ္ဘာလှည့်ခရီးသည်တွေ တည်းခိုမှု ရှိခဲ့ပါတယ်။ ဒါကြောင့်မို့ အခန်းမလုံလောက်တာမျိုးတွေ မဖြစ်တော့ဘဲ ဝန်ဆောင်မှုပိုင်းမှာလည်း အပြိုင်အဆိုင်တွေများလာတာကြောင့် ခရီးသည်တွေအတွက် အကျိုးရှိစေပါ တယ်''ဟု မန္တလေးတိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစန်းယုက ဇန်နဝါရီ ၂၄ ရက်တွင် ပြောကြားသည်။

ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်စားမှု များပြားသော ရှေးဟောင်း ဒေသ များဖြစ်သည့် မန္တလေး၊ စစ်ကိုင်း၊ အင်းဝ၊ မင်းကွန်းနှင့် အမရပူရတို့၌ ခရီးသွား လုပ်ငန်း ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အီတလီနိုင်ငံ Flourence University မှ ကူညီရေးဆွဲပေးထားသည့် စီမံကိန်းအ တိုင်း ဆောင်ရွက် လျက်ရှိပြီး ၂ဝ၁၆ ခုနှစ်က မန္တလေးမြို့သို့ ကမ္ဘာလှည့်ခရီးသည် လေးသိန်း ဝင်ရောက်မည်ဟု ခန့်မှန်းထားသော်လည်း စုစု ပေါင်း ၃၈၅ဝ၃၁ ဦးသာ ဝင်ရောက်ခဲ့သဖြင့် လျာထားချက် အပြည့်နီးပါး အထိ ရှိခဲ့ကြောင်းသိရသည်။

Source: Democracy Today

Facebook comments