မန်းအိမ်ခြံမြေဈေးကွက် အကျဈေးနဲ့ အရောင်းအဝယ်သွက်

javascript
မန္တလေးအိမ်ခြံမြေ ဈေးကွက်မှာတော့ မြေကွက်အရောင်းအဝယ် ပြန်သွက်လာပေမဲ့လည်း ကျဈေးနဲ့သာ အရောင်းအဝယ်ဖြစ်နေတယ်လို့ မန္တလေးကအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူတချို့ထံက သိရပါတယ်။

ဖိုးလမင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းက ကိုဝဏ္ဏစိုးက “ရောင်းမယ့်သူက ဈေးတင်းခံနေရင် အရောင်းအဝယ်မဖြစ်တော့ဘူး၊  လျှော့ရောင်းနိုင်မှအဆင်ပြေတာ၊ အခုဟာကအကျဈေးနဲ့ပဲ အရောင်းအဝယ်သွက်နေတာ”လို့ ပြောပါတယ်။

တန်ဖိုးနည်း တိုက်ခန်းတွေရဲ့ ဈေးနှုန်းကလည်း ကျပ်သိန်း ၃၀ဝ လောက် ဖြစ်နေတော့ မြေတစ်ကွက်ကို ကျပ် သိန်း ၃၀ဝ ဝန်းကျင်မှာပဲရှိတဲ့ မြေနေရာတွေမှာ ဝယ်ယူနေထိုင်လာကြတယ်လို့ ဆိုပါတယ်။
မန္တလေးမှာနေတဲ့သူတွေက တိုက်ခန်းကို သိပ်စိတ်မဝင်စားကြတာ၊ အိမ်ငှားခ ဈေးတက်လာတာနဲ့ မြေဈေးတွေကလည်း ကျနေတဲ့အတွက် ကိုယ်ပိုင်နေထိုင် ဖို့ ဝယ်ချင်သူ များလာတော့ မြေဈေးကွက်အရောင်းအဝယ် ပြန်သွက်လာတာလို့ မန္တလေးက အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူတချို့က သုံးသပ်ကြပါတယ်။

လက်ရှိ အရောင်းအဝယ် ဖြစ်နေတဲ့ ကျပ် သိန်း ၃၀ဝ ဝန်းကျင် မြေကွက်တွေမှာ အရင်က ကျပ် သိန်း ၄၅၀ လောက်အထိ တန်ကြေးရှိတဲ့ မြေကွက်တွေဖြစ်ပြီး လတ်တလောမန္တလေးမြေကွက်ဈေးတွေမှာအရင်ကတန်ဖိုးထက် ၃၀ ရာခိုင်နှုန်း အထိ ဈေးကျသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မန္တလေး  အိမ်ခြံမြေ ဈေးကွက်မှာ အခုရက်ပိုင်းတွေမှာတော့ဈေးနှုန်းသက်သာတဲ့ မန္တလေးမြို့သစ်၊ မြရည်နန္ဒာနဲ့ အောင်ပင်လယ်ဘက်မှာရှိတဲ့ ကျပ်သိန်း ၃၀ဝ၊ကျပ်သိန်း ၄၀ဝ နဲ့ ကျပ်သိန်း ၅၀ဝ တန် မြေကွက်တွေအရောင်းသွက်နေတယ်လို့ သိရပါတယ်။

Source: The Kumudra

Facebook comments