ကန်သာယာစင်တာရှိ ကွန်ဒိုတိုက်ခန်းတွေကို ကြိုတင်ဝယ်ယူနိုင်ပြီ

javascript
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ကန်သာယာလမ်း ထောင့်ရှိဆောက်လုပ်လျက်ရှိတဲ့ ကန်သာယာစင်တာမှ ကွန်ဒိုအခန်းတွေကို ကြိုတင်ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။

ကန်သာယာစီမံကိန်း ဟာ ၃.၅၃ ဧကရှိ မြေပေါ်မှာဆောက်လုပ်နေတဲ့ နိုင်ငံတကာ အဆင့်မီစီမံကိန်းတစ်ခုဖြစ်ပြီးဈေးဝယ် စင်တာတွေ၊ အဆင့်မြင့်ကွန်ဒိုခန်းတွေ၊ ကြယ်ငါးပွင့်ဟိုတယ်တွေပါဝင်တယ်လို့သိရပါတယ်။ စီးပွားရေးလုပ်ငန်းတွေအတွက် ရုံးခန်းတွေပါရှိမှာဖြစ်ပါတယ်။

‘တာဝါတစ်ခုလုံး ဒီပရောဂျက်တစ်ခုလုံးမှာ ပြီးပြည့်စုံတာက လူနေခန်း၊ နောက်ပြီး Office ရုံးလုပ်ငန်းပေါ့၊ နိုင်ငံခြားကအလုပ်လာလုပ်တဲ့ သူတွေအတွက် ဟိုတယ်တွေလဲပါတယ်၊ နောက်ပြီး အောက်ထပ်မှာလဲ shopping mall နှစ်ထပ်ပါတယ်၊ ဒီလိုမျိုး ပြီးပြည့်စုံပြီး တော့ တစ်နေရာတည်းမှာစုပြီးတည်ဆောက်ထားတဲ့ စနစ်ကရှားတယ်လို့ Asia Myanmar Consortium Development Co., Ltdက ဦးခင်မောင်ဖြူက ပြောပါတယ်။
အဲသည် ကန်သာယာစင်တာ အရောင်းပြပွဲကို ဒီဇင်ဘာ ၅ ရက်က ကျင်းပခဲ့ပြီး အခန်း အကျယ်အဝန်း ၁၄၈၅ စတုရန်းပေမှ ၁၆၀၈ စတုရန်းပေရှိတဲ့ အိပ်ခန်းနှစ်ခန်းပါကွန်ဒို အခန်းတွေနဲ့ အိပ်ခန်း သုံးခန်းပါအခန်းတွေကို ကျပ်သိန်း ၁၀ဝ၀ အထိအထူးလျှော့ဈေးနဲ့ ရောင်းချပေးနေကြောင်းသိရပါတယ်။ အရင်က တစ်ပေပတ်လည်ကိုငွေကျပ် သုံးသိန်းခွဲ သတ်မှတ်ပြီးရောင်းချခဲ့ပေမဲ့ အရောင်းပြပွဲနေ့မှာ အခန်း၂၀ ကို ဈေးလျှော့ရောင်းချခဲ့တယ်လို့သိရပါတယ်။

ပြပွဲအပြီး ဝယ်ယူလိုသူတွေအနေနဲ့ ဧရာဝတီဘဏ်နဲ့ ချိတ်ဆက်ကာ ၁၀နှစ်အရစ်ကျ ရောင်းချပေးသွားမယ်လို့သိရပါတယ်။ အဆိုပါစီမံကိန်းမှာ အမေရိကန် ဒေါ်လာသန်း ၂၄၀ ကျော်ရင်းနှီး မြှုပ်နှံထားပြီး ၂၀၁၇ခုနှစ် အောက်တိုဘာလမှာ အပြီးသတ်ဆောက် လုပ်နိုင်မယ်လို့ ရည်မှန်းထားကြောင်းသိရပါတယ်။

Source: Kumudra

Facebook comments