မဟာဗန္ဓုလပန်းခြံလမ်းနှင့် ဘဏ်လမ်းကို ညနေဈေးအဖြစ် ဆက်လက်ထားရှိမည်

javascript

သက်ဝင်လှုပ်ရှား ရန်ကုန်မြို့၏ လမ်းမများ ပွဲတော်ကျင်းပ သည့် မဟာဗန္ဓုလပန်းခြံလမ်း နှင့် ဘဏ်လမ်းကို ညနေဈေးအ ဖြစ် ဆက်လက်ဖွင့်လှစ်မည်ဖြစ် ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဒေါ်သန်းမြင့်အောင်က ပြော သည်။

 ရန်ကုန်မြို့ ရှေးဟောင်းအ မွေအနှစ်အဆောက်အအုံများရှိ သည့် နေရာများတွင် နိုင်ငံခြား သားများ လာရောက်စေချင် သည့် ရည်ရွယ်ချက်အပြင် ယခုဖွင့်လှစ်မည့်  ညဈေးအကြောင်း ပိုမိုသိရှိစေရန် ရည်ရွယ်၍ အထက်ပါသက်ဝင် လှုပ်ရှား ရန်ကုန်မြို့လမ်းမပွဲတော် ကျင်းပရခြင်းဖြစ်သည် ဟု ၎င်းကဆက်လက်ပြောသည်။

‘‘ဒီအစီအစဉ်က JICA (ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း  ဆောင်ရွက်ရေးအေဂျင်စီ)နဲ့ မြန်မာအစိုးရရဲ့ အစီအစဉ်နဲ့ ကျင်းပတာပါ။ ရန်ကုန်မြို့ရဲ့ သမိုင်းဝင်  အမွေအနှစ်တွေကို ကြည့်ရင်း လမ်းလျှောက်စေချင် တဲ့ ရည်ရွယ်ချက်ပါ’’ဟု ဒေါ်သန်း မြင့်အောင်က ပြောသည်။


အဆိုပါပွဲတော်ကို ဒီဇင်ဘာ ၁၀ ရက်က  စတင်ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလလမ်းနှင့် ဘဏ်လမ်းတွင် နှစ်ရက်တာ ကျင်းပခြင်းဖြစ်သည်။

ထို့အပြင်ပွဲတော်တွင် အမျိုး သားအနုပညာနှင့် ယဉ်ကျေးမှု တက္ကသိုလ်မှ ကျောင်းသူ၊ ကျောင်းသားများနှင့် အနုပညာ ရှင်များ၏ မြန်မာ့ရိုးရာယဉ်ကျေး မှုအကအလှများ၊ ဖျော်ဖြေတင် ဆက်မှုများ၊ မြန်မာ့ရိုးရာလက်မှု အနုပညာဆိုင်များ၏ ပြခန်းများ နှင့် ဆိုင်ခန်းများပါဝင်ခင်းကျင်း ပြသခဲ့သည်။

  အဆိုပါပွဲတော်ကို ရန်ကုန် မြို့ လူထုနှင့် နိုင်ငံခြားသားများ အထူးနှစ်ခြိုက်သဘောကျခဲ့ပြီး အထူးသဖြင့် ရုပ်သေးအက၊ ပုဂံ ခေတ်အကနှင့် မြန်မာ့ရိုးရာမြေ ၀ိုင်းအကများကို နိုင်ငံခြားသားများက သဘောကျနှစ်ခြိုက်ခဲ့သည်။

‘‘အရုပ်ကလေးတွေ ကြိုးနဲ့ ဆွဲပြီး ကကွက်ဖော်တာ တကယ် ကို မယုံနိုင်စရာကောင်းပါတယ်။ တကယ်လူတစ်ယောက် ကပြနေ သလို ထင်မိတယ်’’ဟု ပြင်သစ် နိုင်ငံသူတစ်ဦးကပြောသည်။

ပွဲတော်ကျင်းပမည့် လမ်း များနှင့် သစ်ပင်များတွင် ရောင်စုံ မီးပုံးများဖြင့် မီးအလှဆင်ခြင်း ကို နှစ်သက်ပြီး မြန်မာ့ရိုးရာပုသိမ်ထီး များလည်း ရင်သပ်ရှုမောဖွယ်လှ ပကြောင်း တာမွေမှ လာရောက် သည့် ကိုမင်းသူက ပြောသည်။

‘‘မြေ၀ိုင်းအကတွေ၊ ရုပ်သေးတွေက မြင်ရတော့ တကယ်ခမ်းနားတဲ့ မြို့တော်တစ်ခုထဲကို ရောက်သွားသလိုပဲ။ အခုမှ တကယ်ကို ရိုးရာယဉ်ကျေးမှု အငွေ့အသက်ကို ပြန်ခံစားရ တယ်’’ဟု ကျောက်တံတားမြို့ နယ် ဒေါ်လှလှသိန်းက ပြော ကြားသည်။

အဆိုပါပွဲတော်တွင် မြန်မာ့ ရိုးရာခြင်းလုံးခတ်ပွဲ၊ ရုပ်ပြောင်ကာတွန်းရေးဆွဲခြင်း၊ မျက်လှည့်ပြပွဲများကို လူအများနှစ်ခြိုက်အား ပေးခဲ့ကြသည်။

‘‘ကလေးတွေကို မြန်မာ့ရိုး ရာဓလေ့တွေကို လိုက်ပြသခွင့်ရ တာ တကယ်ကြည့်နူးစရာပါ။ မြန်မာ့ရိုးရာ  အကအလှတွေ၊ လက်ရာတွေ ခမ်းနားမှုကတော့ အံ့မခန်းပါပဲ။ ဒါပေမဲ့ အမှိုက်ပုံး တွေ အလွယ်တကူမရှိတော့ အမှိုက်တွေ ဒီအတိုင်း လမ်းမပေါ် ပစ်ချတာရှိနေသေးတယ်။ ဒါ လေးတွေ ပြင်နိုင်ရင် တကယ် ကောင်းမယ်’’ဟု ဗဟန်းမြို့နယ် မှ လာရောက်ခဲ့သည့် အသက် (၃၈)နှစ်အရွယ် ကိုမျိုးသူက ပြော ကြားသည်။

ယခုပွဲတော်ကို လူအများ သဘောကျသည့်အတွက် ရုံးပိတ် ရက်နှင့် အားလပ်ရက်များတွင် အဆိုပါပွဲတော်များကဲ့သို့ ပွဲတော် များ ဆက်လက်လုပ်ဆောင်ပေး မည်ဖြစ်ကြောင်း ဒေါ်သန်းမြင့် အောင်က ပြောသည်။

  အဆိုပါပွဲတော်အတွက် ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသိုလ်နှင့် နည်းပညာ တက္ကသိုလ် (သန်လျင်)မှ ကျောင်းသူ၊ ကျောင်းသားများက ရန်ကုန် မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(YHT)နှင့် ပူး ပေါင်းကူညီခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့၏ သမိုင်းဝင်နေ ရာများတွင် မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်သော မြို့ပြရှုခင်းကို ဖွံ့ ဖြိုးတိုးတက်စေရေး ပြည်သူလူထု တစ်ရပ်လုံး နားလည်သဘော ပေါက်ပြီး တန်ဖိုးထားမှုကို မြှင့် တင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ် သည်။

Source : 7day Daily

Facebook comments