ပုသိမ် ဥမ္မာဒန္တီအငှားအိမ်ရာတိုက်ခန်းများ မဲစနစ်ဖြင့်ချထားပေး

javascript
ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ အမှတ်(၁၄) ရပ်ကွက်ရှိ ဥမ္မာဒန္တီအငှားအိမ်ရာ တိုက်ခန်းများကို ဒီဇင်ဘာ ၇ ရက် က ပုသိမ်မြို့ အမှတ်(၃)ရပ်ကွက် ကိုးသိန်းမိုးလုံလေလုံအားကစားကွင်းတွင်
မဲစနစ်ဖြင့်ချထားပေးခဲ့ ကြောင်း သိရသည်။

လေးခန်းတွဲ၊ ငါးထပ်အ ဆောက်အအုံသုံးလုံးနှင့် ရှစ်ခန်းတွဲ အဆောက်အအုံတစ်လုံး၊ စုစုပေါင်း အဆောက်အအုံလေးလုံး၊ အခန်း ပေါင်း ၉၁ ခန်းကို ဧရာဝတီတိုင်း ဒေသကြီးအတွင်း
နေထိုင်ရေးအ ခက်အခဲရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများ၊ ကုမ္ပဏီ ဝန်ထမ်းများနှင့် ဝင်ငွေနည်းအများ ပြည်သူတို့တွင် လက်ရှိဝန်ထမ်း ၂၅၈ ဦးအတွက် ၄၇ ခန်း၊ 
အငြိမ်း စားဝန်ထမ်း ၇၄ ဦးအတွက် ၁၃ ခန်း၊ ကုမ္ပဏီဝန်ထမ်း ၂၆ ဦးအတွက် ငါးခန်း၊ အခြားဝင်ငွေနည်း ပြည်သူ ၁၄၆ ဦးအတွက် ၂၆ ခန်း၊ စုစုပေါင်း ၅ဝ၄ ဦးအတွက် ၉၁ ခန်းကို 
ချထားပေးခဲ့ခြင်းဖြစ်ကြောင်း ပုသိမ်မြို့ တိုင်းဒေသကြီးမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာနရုံးမှသိရသည်။

''ပြည်သူတွေရဲ့ အမှန်တကယ် လိုအပ်ချက်ကို တိုင်းဒေသကြီးအစိုး ရစီစဉ်ကြီးကြပ်မှုနဲ့ ဆောင်ရွက်ပေးခဲ့ပါတယ်။ ထပ်မံပြီးတော့ မြေနေရာရရှိရင် ဆောက်လုပ်စီစဉ်ပေး ဖို့လည်းရှိပါတယ်။ 
မပြီးခဲ့တဲ့ ၃၂ ခန်းမှာလည်း တိုက်ခန်းကို ၂ဝ၁၇-၂ဝ၁၈ ဘတ်ဂျက်မှာ အခုမရရှိတဲ့သူတွေနဲ့ ထပ်မံလျှောက်ထားသူ တွေကို မဲစနစ်နဲ့ပဲထပ်မံချထားပေး ဖို့အစီအစဉ်ရှိပါတယ်''ဟု တိုင်းဒေသကြီး
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေ မင်းထွန်းက ဒီမိုကရေစီတူဒေးသို့ ပြောသည်။
ယနေ့ဆောင်ရွက်ခဲ့သော ဥမ္မာဒန္တီအငှားအိမ်ရာလျှောက်ထား သူများတွင် ၈၅ ရာခိုင်နှုန်းလာရောက် ခဲ့ကြောင်းသိရပြီး မဲပေါက်၍နေခွင့် ရရှိသူများမှာ တစ်လအတွင်း စည်း မျဉ်းစည်းကမ်းများနှင့်အညီ
စာချုပ် ချုပ်ဆိုခြင်း၊ စပေါ်ငွေနှင့် အိမ်လခ တစ်လကြိုတင်ပေးသွင်းခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ပြီး ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင်စတင်၍နေထိုင် ခွင့်ရရှိမည်ဖြစ်ကြောင်းသိရသည်။

''ဦးလေးက အငြိမ်းစားဝန် ထမ်းဟောင်းတစ်ဦးပါ။ နေစရာအခက်အခဲကြောင့် တစ်လကိုရှစ် သောင်းလောက်ပေးရတဲ့ အိမ်ရာ လေးတစ်ခုကို မိုးတွင်းရေမြုပ်တဲ့ အရပ်မှာ ငှားနေရတယ်။ 
အခုမဲ ပေါက်တော့ တိုက်ခန်းကပေးနေ တဲ့လစာထက် တစ်ဝက်လောက် သက်သာသွားတယ်။ နေထိုင်ရေးလည်း စနစ်တကျရှိမယ်။ မိုးတွင်း ရေကြီးရေမြုပ်တဲ့ဒဏ်ကိုလည်း ဂရုစိုက်ဖို့မလို
တော့ဘူးဆိုတော့ အရမ်းကိုအဆင်ပြေ သွားပါတယ်''ဟု မြို့နယ်ပညာရေးမှူးဟောင်း ဦးဆန်းလွင်က ပြောသည်။အဆိုပါ တန်ဖိုးနည်းအိမ်ရာ များမှာ ၂ဝ၁၅ ခုနှစ် မတ်လမှစတင် ဆောက်လုပ်
ကာ ၂ဝ၁၇ ခုနှစ် ဇန်န ဝါရီလပိုင်းတွင် နေထိုင်ခွင့်ရှိမည် ဖြစ်၍ စုစုပေါင်းဆောက်လုပ်ချိန် နှင့် နေထိုင်ချိန်အထိ ၂၁ လကြာ မြင့်ခဲ့ကြောင်း သိရသည်။

Source: Democracytoday

Facebook comments