ကွန်ဒို တိုက်ခန်း ရောင်းအားကျ

javascript
ရန်ကုန်မှာရောင်းချနေတဲ့ ကွန်ဒိုတွေနဲ့ တိုက်ခန်းတွေ အခုတ လောမှာ ရောင်းအားကျနေတယ်လို့ သိရပါတယ်။ သည်ကွန်ဒိုတိုက်ခန်းတွေကို အရစ်ကျစနစ်တွေနဲ့ 
ရောင်းချနေတာဖြစ်ပြီး ၂၄ လ အရစ်ကျ၊ ၁၀ နှစ်အရစ်ကျနဲ့ရောင်းချ ပေးနေတာလည်းဖြစ်ပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့ ကနေ ၄ ရက်နေ့အထိပြုလုပ်ခဲ့တဲ့ The Best of Yangon Housing,Lifestyle, Car Show and Mobile Fair ပွဲမှာလည်း ၃၀ ရာခိုင်နှုန်း၊ ၅၀ 
ရာခိုင်နှုန်းလျှော့ဈေးတွေနဲ့ ရောင်းချခဲ့ပေမဲ့လည်းဝယ်ယူသူ ဦးရေနည်းပါးတယ်လို့သိရပါ တယ်။

‘အစ်မတို့အခုပွဲမှာက ၁၂ နှစ်အရစ်ကျနဲ့ပေးလို့ရတဲ့ စနစ်ကိုလုပ်ပေးထားတယ်၊ ပုံမှန် ဆိုရင်၁၀ နှစ်ပဲပေးတာလေ၊ ပွဲမှာဝယ်ရင် ၁၂ နှစ်အရစ်ကျနဲ့ရမယ်၊ ပြီးတော့ 
ကြိုပွိုင့်ပေး စရာမလိုဘူးပေါ့၊ အပြင်မှာရောင်းရင်တော့ ၃၀ ရာခိုင်နှုန်းလောက်ကို ကြိုပွိုင့်အနေနဲ့ ပေးထားရတယ်၊ အခုတလော ရောင်းအားကဟိုအရင်တွေနဲ့ မတူ
တော့ဘူး၊ ရောင်းအား တွေတော်တော်ကျတယ်၊ အခုအထိကိုနှစ်ဦးလောက်ပဲဝယ်ကြသေးတယ်လို့ Strong Source Construction က မန်နေဂျာ မဆွေဆွေကျော်က
ပြောပါတယ်။

သည်ကွန်ဒိုတိုက်ခန်းတွေက လှိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကင်းလိုနေရာတွေက ကွန်ဒိုတွေကို အများဆုံးရောင်းချပေးနေတာလည်းဖြစ်ပါတယ်။ ကွန်ဒိုတွေသာမက 
တိုက်ခန်းအရစ်ကျပေးသွင်းဝယ်ယူကြတဲ့ သူတွေလည်းနည်း ပါးနေပြီနေထိုင်မယ့်သူတွေ အများစုသာဝယ်ကြပြီး စီးပွားရေးလုပ်မယ့် သူတွေကဝယ်တာနည်းပါးနေတာ
လည်း ဖြစ်ပါတယ်။

‘အစ်မတို့ဆီမှာကျတော့ ၃၀ ရာခိုင်နှုန်းပေးထားရမယ်ပေါ့၊ ၂၀ ရာခိုင်နှုန်းကို နောက်မှပေး အဲဒီ ၅၀ ရာခိုင်နှုန်းကျေရင်  တစ်ဝက်ကိုစာချုပ်ချုပ်ပေးတယ်၊ ကျန်တာကိုဘဏ်
နဲ့ ချိတ် သွင်းမလား၊ အပြီးချေမလားမေးတယ်ပေါ့၊ ချေတယ်ဆိုရင်အဆင်သင့်တက်နေလို့ရပြီး ဘဏ်နဲ့ချိတ်တယ်ဆိုရင် အဲဒါကျေမှနေလို့ရမှာ၊ ဘဏ်နဲ့ချိတ်တယ်ဆိုရင်လဲ ဘယ်နှလနဲ့ အပြီးပေးမလဲဆိုတာပါမေးတာ၊ သူပေးနိုင်တဲ့အတိုင်းအတာကို အဆင်ပြေအောင်လုပ် ပေးတယ်၊  အခုအချိန်အထိကတော့ တကယ်နေမယ့်သူတွေပဲဝယ်
တယ်၊ ပြန်ရောင်း မယ့်လူတို့ စီးပွားရေးအတွက် ရုံးခန်းပြန်ဖွင့်မယ့်သူတို့ ဝယ်တာနည်းတယ်လို့ Strong Source Construction က တာဝန်ရှိသူ မအိဇာကပြောပါတယ်။

လက်ရှိအချိန်မှာတော့ တိုက်ခန်း၊ ကွန်ဒိုတွေကိုဝယ်ယူတဲ့ သူတွေနည်းနေပြီးငှားရမ်းတဲ့ ရာခိုင်နှုန်းတွေသာ မြင့်တက်နေတာဖြစ်ပါတယ်။ တိုက်ခန်းနဲ့ ကွန်ဒိုတွေရဲ့
ဈေးနှုန်းက လည်းသိန်း ၇၀ဝ ကနေစပြီးအစားစားရှိတယ်လို့ သိရပါတယ်။

Source:Kumudra

Facebook comments