ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ပြည်ပအလုပ်သမားဝင်ရောက်လုပ်ကိုင်မှုစစ်ဆေး အရေးယူမည်

javascript
ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ နိုင်ငံခြားသားအလုပ်သမားတွေ ဝင်ရောက်လုပ်ကိုင်တာကို မြို့နယ်ပူးပေါင်းအဖွဲ့နဲ့ စစ်ဆေးအရေးယူ မယ်လို့ပန်းပဲတန်း
မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောပါတယ်။

မြို့နယ်ပူးပေါင်းအဖွဲ့မှာ လ.၀.က၊ ပြည်တွင်းအခွန်၊ စည်ပင်သာယာ၊ မြို့နယ်ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးမှူးအဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပါဝင်မှာ ဖြစ်ပါ
တယ်။

သည်မြို့နယ်ပူးပေါင်းအဖွဲ့ကနေပြီးတော့ ရန်ကုန်မြို့တွင်းလုပ်ကိုင်နေတဲ့ဆောက်လုပ် ရေးလုပ်ငန်းခွင်ကြီးတွေကို နိုင်ငံခြားသား အလုပ်သမားတွေရှိမရှိနဲ့ တရားဝင်လာ
ရောက် လုပ်ကိုင်သမားဆိုတာကို ဝင်ရောက်စစ်ဆေးအရေးယူမှာပါ။

ပန်းပဲတန်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက အရေးယူတဲ့ကိစ္စကို တစ်ခါထဲမဆောင်ရွက်ဘူး၊ တစ်ခုပဲရှိတယ်၊ ပတ်စ်ပို့မပါဘဲ တရားမဝင်လာတာဆို
ရင်တော့ လ.ဝ.က ကနေ တစ်ခါထဲအရေးယူဆောင်ရွက်မယ်။ အဲသည်လိုမျိုးကျန်တဲ့သက်ဆိုင်ရာ ဌာနတွေကနေ အရေးယူမယ်လို့ပြောပါတယ်။

သည်လ ၂၈ ရက်နေ့က စပြီးတော့ ကြိုက်တာယူကျပ် ၅၀ဝ၀ ဆိုင်အချို့မှ နိုင်ငံခြားသားတွေဝင်ရောက်လုပ်ကိုင်တာကို ပန်းပဲတန်းမြို့နယ်မှာ မြို့နယ်ပူးပေါင်းအဖွဲ့နဲ့စတင် စစ်ဆေးမှာဖြစ်ပါတယ်။ သည်ဆိုင်တွေကိုလိုင်စင်ရှိလား။ နိုင်ငံခြားသားပိုင်ရင်ဘယ်ဗီဇာနဲ့ လာတာလည်း စတာတွေစစ်ဆေးမှာပါ။
ကြိုက်တာယူ ကျပ် ၅၀ဝ၀ ဆိုင်တွေစစ်ဆေးပြီးရင် ဆောက်လုပ်ရေးလုပ်ငန်းခွန်တွေကို မြေပြင်ထိသွားရောက်စစ်ဆေးမှာဖြစ်ပါတယ်။ မြို့နယ် ပူးပေါင်းအဖွဲ့နဲ့ စစ်ဆေးတာတွေကို ပန်းပဲတန်းနဲ့ ကျောက်တံတားမြို့နယ်တွေ မှာစတင်မှာပါ။ ကျန်တဲ့မြို့နယ်တွေမှာ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းမယ်လို့ရပါတယ်။

ကျောက်တံတားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက လက်ရှိတော့လမ်းဘေး ဈေးသည်ကိစ္စဆောင်ရွက်နေတယ်၊ အဲဒါပြီးတာနဲ့ ၅၀ဝ၀ တန်ဆိုင်တွေဆောက်
လုပ်ရေးလုပ်ငန်းတွေ စစ်ဆေးတာစမယ်လို့ ပြောပါတယ်။

ဦးသန်းနိုင်ဦးက နိုင်ငံခြားသားတွေရှိတာကို ဘယ်လိုအရေးယူမလဲ လွှတ်တော်မှာ မေးတာကို လဝက ဥပဒေနဲ့အညီအရေးယူမယ်လို့ ဝန်ကြီးကဖြေကြားပြီးနောက်မှာ 
ပူးပေါင်းအဖွဲ့ဖွဲ့စည်းပြီး ဆောင်ရွက်တာလို့ ရှင်းပြပါတယ်။

ပြည်တွင်းမှာလာရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို စစ်ဆေးဖို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလက ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ပန်းပဲတန်းလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောခဲ့တာဖြစ်ပါ တယ်။

ရန်ကုန်မှာ ဆောက်လုပ်ဖို့စီစဉ်ဆဲဆောက်လုပ်ဆဲ အဆောက်အအုံတွေနဲ့ ဟိုတယ်တွေမှာ နိုင်ငံခြားသားအလုပ်သမားတွေလာရောက် အလုပ်လုပ်ကိုင်နေကြပါတယ်။ ဥပမာ ရန်ကင်းမြို့နယ်က အမှတ်(၁)စက်မှုဝန်ကြီး ဌာနပိုင်မြေနေရာက ဗီယက်နမ်ဟိုတယ်လိုမျိုး ဈေးဝယ်စင်တာတွေ ပန်းပဲတန်းမြို့နယ်က ဂျန်းရှင်းစီးတီးလို အဆောက်အုံတွေ စမ်းချောင်းနဲ့ ကမာရွတ်မြို့နယ်မှာရှိတဲ့ တိုင်းစီးတီးလိုဟာမျိုးတွေ ဆူးလေစကွဲလို အထပ်မြင့် အဆောက်အအုံတွေမှာ နိုင်ငံခြားသားအလုပ်သမားတွေလုပ်ကိုင်တာတွေ့ရ တယ်လို့ ဦးသန်းနိုင်ဦးက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ပြောကြားပါတယ်။

Source: Kumudra

Facebook comments