နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း ယာမြေအရောင်းခေါ်ဆိုမှုများ များပြား

javascript

နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း ယာမြေအရောင်းခေါ်ဆိုမှုများ များပြား

 

နေပြည်တော် တပ်ကုန်းနှင့်လယ်ဝေးမြို့နယ်များအတွင်းရှိ လယ်မြေကွက်များ

အရောင်းခေါ်ဆိုသူများ ရှိနေပြီး သိန်း ၂၀ ကျော်မှ သိန်း ၁၀၀ကျော်ဝန်းကျင်

ခေါ်ဆိုဈေးရှိကြောင်း လယ်ဝေးဒေသခံများအား စုံစမ်းမေးမြန်းချက်များအရ

သိရသည်။

 

ဝယ်ယူတဲ့သူ တချို့က နေထိုင်ဖို့အတွက် ၀ယ်ကြတာတွေ ပိုတွေ့ရပါတယ်

အိမ်ရှာတာတောင်မှ အရပ်မျက်နှာ ဘယ်ဘက်လှည့်လဲ သေချာကြည့်ဝယ်

ကြတာမျိုးတွေပေါ့ အဲဒီတော့ ပြန်ရောင်းချင်တဲ့သူဆိုတာက ၀ယ်ရောင်းတွေ

လောက်ပဲ ရှိမယ် အရင်ကတော့ နေရာကောင်း မြေကွက်ကောင်းလေးတွေ

သိန်း ၇၀/၈၀ လောက်ဆို ၀ယ်လို့ရတယ် ခုက အဲ့ဈေးနဲ့ ခေါ်တာ သိပ်မတွေ့ရ

တော့ဘူး လမ်းမကနေ ခပ်လှမ်းလှမ်းဝင်ရတဲ့ အကွက်တွေလောက်ဆိုရင်တော့

ရနိုင်ပါတယ် ဟုဒေသခံ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးမှ ပြောသည်။

 

ဒီ လယ်ဝေးမြို့နယ်ဘက်က လမ်းမဘေးနဲ့ နီးစပ်ရွာ လယ်မြေပိုင် လယ်သမား

တွေက ရောင်းချင်တဲ့သူတွေ များကြတယ် ၁ ဧကကို သိန်း ၂၀ ၀န်းကျင်ကနေ

၃၀ ၀န်းကျင်အထိ လမ်းသာမှု အနေအထားအလိုက်ပေါ့ ပုံစံ ၇ တွေပေါ့

လေဆိပ်နဲ့လည်း သိပ်မဝေးပါဘူး မြို့ရှောင်လမ်းဘေးအကွက်တွေဆိုရင်တော့

၁ ဧက ကို ၁၀၀ ကနေ ၁၄၀ ၀န်းကျင် ခေါ်ကြတယ် ဘေးပတ်ဝန်းကျင်ရွာတွေ

မှာလည်း ရွာအစပ်တွေပေါ့ ရန်အောင်မြင်၊ပိုက်ချောင်း နဲ့ အမြန်လမ်းမဘေး

အကွက်တွေ ရောင်းချင်သူတွေ ရှိပါတယ် လတ်တလော အရောင်းအ၀ယ်အခြေ

အနေကတော့ ၀ယ်လိုတွေ သိပ်မလိုက်သေးပါဘူး အရောင်းခေါ်တာတွေပဲ

များနေသေးတယ် နေရာကောင်း လုပ်ငန်းလုပ်ဖို့ ကောင်းမယ် အကွက်လေးတွေ

လောက်သာ ဈေးအဆင်ပြေရင်လာကြည့်ပြီး ကြိုက်ရောင်းကြိုက်ဝယ်ပေါ့ လူ

အများစု စိတ်ဝင်စားကြတာကတော့ ပုပ္ဖသိရိ ဒက္ခိဏသီရိဘက် သိန်း ၁၀၀

ပတ်ချာလည် မြေကွက်နဲ့လုံးချင်းလေးတွေ စိတ်ဝင်စားကြတယ် ပေါင်းလောင်း

မြို့သစ်ဘက်တွေလည်း အရောင်းအ၀ယ်ဈေးကွက်ကောင်းတယ်လို့ သိရပါတယ်

ဟု လယ်ဝေးဒေသခံ တစ်ဦးမှ ပြောကြားသည်။

 

နေပြည်တော်တွင် ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်တစ်ခုကို ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိ

မြို့နယ် အစပ်တွင် တည်ဆောက်မည်ဟု ကြားသိရပြီး ထိုသတင်းကြောင့် ခြံမြေ

ဈေးကွက်အတွင်း အနည်းငယ်လှုပ်ရှားမှု ဖြစ်ခဲ့သော်လည်း ပုံမှန်ခေါ်ဆိုနေကြ

ဈေးနှုန်းထက် အရောင်းခေါ်ဆိုမှုများ သိသိသာသာ ပြောင်းလဲမှုမရှိသေးကြောင်း

သိရသည်။ သို့ရာတွင် နေပြည်တော် မြို့နယ်များအတွင်း ခြံမြေဈေးကွက်များအား

စိတ်ဝင်စားသူများနှင့် ၀ယ်ယူမှုများ အတန်ငယ်များပြားလာသောကြောင့် မြေကွက်

နှင့် တစ်ထပ်ပျဉ်ထောင်လုံးချင်း အရောင်းခေါ်ဆိုမှုများမှာ လွန်ခဲ့သော သုံးလေးလ

ခန့်က ခေါ်ဆိုဈေးများထက် သိန်း ၂၀ မှ ၃၀ အထိ နေရာအပေါ်မူတည်၍ ဈေးမြင့်

ခေါ်ဆိုလာသည့် အခြေအနေတွေ့ရကြောင်း ဒေသခံအိမ်ခြံမြေ အကျိုးဆောင်များမှ

ပြောကြားချက်အရ သိရသည်။ 

 

Property Media Team

www.Property.com.mm

Facebook comments