လမ်းဘေးဈေးသည်များ ပပျောက်ရန် ညဈေးတန်းများ တည်ဆောက်ဖြေရှင်းမည်

javascript

ရန်ကုန်မြို့အတွင်း လမ်းဘေးဈေးသည်များ ပပျောက်ရန် ညဈေးတန်းများ တည်ဆောက်ပေးခြင်းဖြင့် ဖြေရှင်းမည်ဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက အတည်ပြုပြောကြားသည်။


လက်ရှိတွင် ရန်ကုန်မြို့တွင်း မြို့နယ်လေးခုဖြစ်သည့် ကျောက် တံတား၊ ပန်းဘဲတန်း၊ လသာနှင့် လမ်းမတော်တို့ရှိ လမ်းဘေးဈေး သည်များအား နိုဝင်ဘာအတွင်း ဖွင့်လှစ်မည့် ကမ်းနားလမ်း ည ဈေးတန်းသို့ ပြောင်းရွှေ့ရန် စီစဉ် ထားပြီး အခြားမြို့နယ်များတွင် လည်း ညဈေးတန်းများ တိုးချဲ့ တည်ဆောက်မည်ဟု ဦးသန်းက 7Day Daily သတင်းစာအား ပြောသည်။

‘‘ညဈေးတန်းတွေ၊ တခြား လိုအပ်တဲ့နေရာတွေလည်း ဆက် ပြီးတိုးချဲ့ပြီး ဖွင့်နိုင်ရေး စီစဉ်ဦး မှာ။ ဒါပြီးရင် ဒါတင်မဟုတ်သေး ဘူး။ တခြားနေရာတွေ၊ ကျန်တဲ့ မြို့နယ်တွေပေါ့ ဆက်ပြီးတိုးချဲ့ ပြီး ညဈေးတန်းဖွင့်နိုင်ရေး ဆက် လုပ်သွားမှာ’’ဟု ဦးသန်းကပြော ကြားသည်။

လမ်းမများပေါ်တွင် လမ်း ဘေးဈေးသည်များကြောင့် ယာဉ် ကြောကျပ်တည်းခြင်းကို ဖြေရှင်း ရန်နှင့် လမ်းမဘေးပလက်ဖောင်း ပေါ်တွင် အများပြည်သူ သွားလာ နိုင်ရန် ညဈေးတန်းများ စနစ်တကျ တည်ဆောက်မည်ဖြစ် ကြောင်း ၎င်းကပြောသည်။

ကမ်းနားလမ်း ညဈေးတန်း ကို နိုဝင်ဘာ ၂၁ ရက်တွင် ဖွင့် လှစ်ရန် ခန့်မှန်းထားပြီး ကမ်းနား လမ်းတစ်လျှောက် မီးတိုင်များ ထားရှိခြင်း၊ စီစီတီဗီကင်မရာများ တပ်ဆင်ခြင်း၊ ရွေ့လျားအိမ်သာ များ ထားရှိခြင်းနှင့် ဈေးသိမ်းချိန် ည ၁၁ နာရီခွဲနောက်ပိုင်း အမှိုက်သိမ်းဆည်းခြင်းတို့ကို လုပ်ဆောင်မည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။

အထက်ပါ မြို့နယ်လေးခုရှိ လမ်းဘေးဈေးသည်များအား ည ဈေးတန်းသို့ ပြောင်းရွှေ့ရန် မှတ် ပုံတင်ခြင်းနှင့် စာရင်းကောက်ယူ ခြင်းများ ပြုလုပ်ရာတွင် မှတ်ပုံ တင်ထားသည့် အရေအတွက်မှာ ငါးထောင်ကျော်ရှိပြီး ကမ်းနားလမ်း ညဈေးတန်းအတွက် နေရာ တစ်ထောင့်လေးရာခန့်သာရှိ ၍ ထပ်မံတိုးချဲ့ရန် လိုအပ်နေကြောင်း ဦးသန်းကပြောသည်။

‘‘နေ့ခင်းမှာခင်းတဲ့ ဈေး သည်တွေက ညဈေးတန်းကို ရွှေ့တဲ့အခါကျတော့ လမ်းမကြီးလေးခုက နေ့လယ်မရောင်းရဘူး။ ဒီနေရာ ပြန်မရောင်းရဘူး။ ညဈေးတန်းမှာ စနစ်တကျလာရောင်း၊ သူတို့ကို မှတ်ပုံတင်နဲ့ နေရာချပေးမယ်။ အခု သူ့ဧရိယာအလိုက် ပဲပေးမှာ။ ဥပမာ ကျောက်တံ တားဆိုရင် ကျောက်တံတားနဲ့ဆိုင်တဲ့ ကမ်းနားလမ်းအပိုင်းကို နေရာချမယ်။ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်ဆိုလည်း အဲဒီလိုပဲ’’ဟု ဦးသန်းကရှင်းပြသည်။

 ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီသည် ည ဈေးတန်းဖွင့်လှစ်ချိန်ကို ညနေ ၃ နာရီခွဲမှ ည ၁၁ နာရီခွဲအထိ ဈေး ရောင်းခွင့်ပြုမည်ဖြစ်၍ ဈေးသည် များမှာ သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာရမည်ဖြစ်သော်လည်း အသစ်ဖွင့်လှစ်မည့် ညဈေးတွင် အဆင်ပြေ၊မပြေ စောင့်ကြည့်ရမည်ဖြစ် ကြောင်း အနော်ရထာလမ်းမဘေးရှိ လမ်းဘေးဈေးသည်အချို့က မှတ်ချက်ပြုသည်။

 ‘‘ပြောင်းဆိုတော့လည်း ပြောင်းရမှာပဲ။ ကျွန်တော်တို့က ဈေးရောင်းရဖို့အဓိကပဲ’’ဟု လမ်းဘေးဈေးသည် ကိုသက်ဦးကပြောသည်။

 ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သည် ရန်ကုန်မြို့အ တွင်း လမ်းဘေးဈေးသည်များ စနစ်တကျ ရောင်းချနိုင်ရေးအ တွက် ကောင်းမွန်သော အစီအ စဉ် စီမံပေးနိုင်ရေးအဆိုကို နိုဝင် ဘာ ၄ ရက်တွင် အတည်ပြုထားပြီး မြို့တော်ဝန် ဦးမောင်မောင်စိုးကလည်း လမ်းဘေးဈေးသည် များအရေး ဖြေရှင်းရာတွင် စနစ်တကျရှိရေးနှင့် အားလုံးပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

 ရန်ကုန်မြို့တော်စည်ပင် သည် လမ်းဘေးဈေးသည်များနှင့် ပတ်သက်၍ စံပြရှေ့ပြေးအစီအစဉ်အဖြစ် မြို့တွင်းမြို့နယ် လေးခု၌ စတင်အကောင်အထည် ဖော်နေပြီး သတ်မှတ်ထားသော နှုန်းထား ကောက်ခံ၍ စည်းကမ်း တကျ ဈေးရောင်းချခွင့် ပြုမည်ဖြစ်ကြောင်း မြို့တော်ဝန်က လွှတ်တော်၌ ပြောကြားခဲ့သည်။

Source : 7day Daily

Facebook comments