အိမ်ခြံမြေတိုက်ခန်းအပေါင် ဈေးကွက်ပေါက်ဈေးထက် ငါးဆလောက်လျော့

javascript
အိမ်ခြံမြေအရောင်းအေးနေရာမှာ တိုက်ခန်းအများစုလည်း အပေါင်ဘက်လှည့်ပြီး ဈေးကွက်ရှာရတာတွေရှိတယ်လို့ အကျိုးဆောင်တချို့ထံက သိရပါတယ်။

အခုနောက်ပိုင်း အရောင်းမလိုက်တော့ငွေလိုတယ်ဆိုရင် အပေါင်ဘက်ကိုလိုက်ပြီးစပ်ရ တယ်၊ ဈေးကွက်ကလဲ အပေါင်ဆိုရင် မူလပေါက်ဈေးထက် ငါးဆလောက်လျော့တယ်၊ ဒါတောင် ယူတဲ့သူကနည်းတယ်လို့ အောင်မြင် အကျိုးဆောင်က ကိုအောင်ပိုင်က ပြောပါတယ်။

ဈေး အရနည်း

အပေါင်ဈေးကွက် အများစုကတော့ ဈေးနှုန်းမြင့်မားတဲ့နေရာ အများစုကအိမ်ခြံမြေတွေ ကို အပေါင်လက်ခံကြတာများပြီး ဈေးနှုန်းအနေနဲ့ သိန်း ၁၀ဝ အောက်သာဈေးဖွင့်တာ ကြောင့် ဈေးနှုန်းအရနည်းပါးတာတွေရှိနေပါတယ်။ ဒါ့အပြင် တချို့ဈေးနည်းတဲ့တိုက် ခန်းတွေကိုတော့ သိန်းဂဏန်းလောက်သာပေးတာတွေရှိပြီး အပေါင်လက်ခံသူအများစုက အရောင်းအဝယ် စာချုပ်နဲ့ချုပ်ဆိုပြီး နားလည်မှုယူကြတာဖြစ်ပါတယ်။

တချို့ အပေါင်လက်ခံချင်ကြတဲ့ မြေအမျိုးအစားတွေကတော့ ဂရန်မြေကိုလက်ခံကြတာများပြီး ပါမစ်မြေနဲ့စလစ်မြေတွေကိုတော့ သက်ဆိုင်ရာ မြေစာ
ရင်းဌာနတွေမှာ စစ်ဆေးပြီးမှလက်ခံတာ များတယ်လို့သိရပါတယ်။ သည်လိုအပေါင်ဈေးကွက်ထဲမှာ တိုက်ခန်းအပေါင်တွေလည်းပါဝင်ပြီး တိုက်ခန်းအပေါင်ကိုတော့ တကယ့်ဈေးကွက်ထက် ငါးဆလောက်ဈေးနှိမ်ပြီး အပေါင်ပေးတာတွေရှိပါတယ်။
အပေါင်ဈေးကွက် အများစုမှာဘဏ်ထက် အပြင်ဈေးကွက်ကိုစိတ်ဝင်စားမှုများပြီး အပေါင်ဈေးကွက်အတွက် ဘဏ်အပေါင်မှာတော့ နာမည်ကြီးဘဏ်တွေထက် အစိုးရနဲ့ ဆက်စပ်တဲ့ ဘဏ်တွေမှာအပေါင် လက်ခံကြတာများ ပါတယ်။ အစိုးရအပေါင်အများစုက ဈေးနှုန်းအရ အတိုးနှုန်းသက်သာပေမဲ့ အနည်းဆုံးအချိန်သုံးလလောက်ပေးပြီးစစ်ဆေး မှုတွေများတာကြောင့် အမှန်တကယ်ငွေကြေးလိုအပ်သူတွေအနေနဲ့ အပြင်ဘက်ကအပေါင်ခံသူတွေကို သာအားထားကြတာဖြစ်ပါတယ်။ 

လက်ရှိ အပေါင်ဈေးကွက်ကတော့ သိန်း ၅၀ဝ တန် မြေကွက်တွေကို သိန်း ၁၀ဝ ကျော်လောက်ဈေးဖြတ်ပြီး သိန်း ၁၀ဝ အောက် မြေကွက်တွေကိုတော့ သိန်း ၂၀ လောက်နဲ့ ဈေးဖြတ်တာတွေ ရှိတယ်လို့ သိရပါတယ်။ အတိုးနှုန်းတွေကတော့အစားစားရှိပြီး အများစုကတော့ ငါးကျပ်နဲ့ရှစ် ကျပ်ကြားယူတာများတယ်လို့လည်း သိရပါတယ်။

Source: Kumudra

Facebook comments