စီးပွားရေးလုပ်ငန်းအားလုံးဖွံ့ဖြိုးမှ အိမ်ခြံမြေ ဈေးကွက်ကောင်းနိုင်

javascript
မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေဖို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေမှာ အိမ်ခြံမြေလုပ်ငန်းတွေအပြင် တခြားစက်မှုဖွံ့ ဖြိုးရေးလုပ်ငန်းတွေမှာပါ ဝင်ရောက်ရင်းနှီးမြှုပ်နှံဖို့လိုအပ် တယ်လို့ ဥပဒေ ပညာရှင်တချို့ထံ က သိရပါတယ်။

‘အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးဖို့က ဒီလုပ်ငန်းမှာ လာရောက်ရင်းနှီးမြှုပ်နှံတာ တစ်မျိုးတည်းနဲ့မ ကောင်းနိုင်ဘူး၊ နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းအားလုံးလိုလိုဖွံ့ဖြိုးမှ ဒီလုပ်ငန်းတွေကလဲ ကောင်းလာမှာလို့ လမ်းသစ် အိမ်ခြံမြေ အကျိုးဆောင် က ဦးတင်သန်းကပြောပါတယ်။

လက်ရှိမှာတော့ စီးပွားရေးလုပ်ငန်း ဝင်ရောက်မှုအပိုင်းမှာ အခြေခံလုပ်ငန်းတွေထက် ဆောက်လုပ်ရေးနဲ့ တခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးတွေဝင်
ရောက်နေတာကြောင့် ပြည်တွင်းကထွက်ရှိတဲ့ ကုန်ကြမ်းတွေကို အချောထည် ထုတ်လုပ်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

အိမ်ခြံမြေအနေနဲ့ လက်ရှိမှာအခြေခံလူတန်းစားတွေအတွက် တန်ဖိုးနည်းအိမ်ရာတွေ လိုအပ်ပေမဲ့ အစိုးရကိုယ်တိုင် အကောင်အထည်ဖော်တဲ့အိမ်ရာတွေမှာ တန်ဖိုးနှုန်းထားမြင့်တက်မှုတွေကြောင့်လက်လှမ်းမီဖို့ ကွာခြားနေ တဲ့ အခြေအနေလည်းဖြစ်ပါတယ်။

ဆောက်လုပ်စရိတ်မြင့်

အခြေခံလူတန်းစားတွေအတွက် အမှန်တကယ်လိုအပ်တဲ့အိမ်ရာတွေကို ပုဂ္ဂလိက အပိုင်းကဆောက်လုပ်ဖို့အတွက် မြေတန်ဖိုးနဲ့ဆောက်လုပ်စရိတ်မြင့်တက်လာမှုတွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်းအများစုက အမြတ်အစွန်း များတဲ့ လူလတ်တန်းစား ဝယ်ယူနိုင်မယ့် အဆောက်အအုံတွေကို ဆောက်လုပ်ရောင်းချနေတာပဲဖြစ်ပါတယ်။

Source: Kumudra

Facebook comments