အိမ်ခြံမြေဈေးကွက် နည်းလမ်းမှန်မှန်နဲ့ ဖွံ့ဖြိုးဖို့ဆိုရင်

javascript
အိမ်ခြံမြေဈေးကွက် ပိုမိုကောင်းမွန်လာစေနိုင်ဖို့ နဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ဈေးနှုန်းမြင့်တက်မှုတွေကိုလျှော့ချပေးနိုင်ဖို့အတွက် အစိုးရအနေနဲ့မြေနေရာ အသစ်တွေနဲ့ ဈေးကွက်ထိန်းချုပ်မှုတွေလုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့စီးပွားရေး လုပ်ငန်းရှင်တွေထံက သိရပါတယ်။

‘မြေဈေးကြီးတာကို ထိန်းချုပ်ဖို့ဆိုရင် လူတစ်ဦးတည်းကိုမြေတွေအများကြီးလုပ်ဆောင်ခိုင်းမယ့်အစား အစိုးရကထိန်းချုပ်ပြီးလုပ်ပေးရမယ်၊ မြေဈေးကိုလျှော့ချဖို့အတွက် မြေနေရာအသစ်တွေအကောင်အထည်ဖော်ပြီး ဈေးသက် သက်သာသာနဲ့ရောင်းမယ် ဆိုရင် ဈေးတွေအားလုံးကျသွားနိုင်တယ်လို့ အိမ်ခြံမြေအကျိုးဆောင် ဦးခင်မောင်ဦးက ပြောပါတယ်။

ထိန်းချုပ်နည်းများ

မြေဈေးမြင့်တက်မှုအတွက် ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတွေကတော့ အမြန်ဆုံးအနေနဲ့ လူနေထိုင်နိုင်တဲ့ မြေယာအသစ်တွေ အကောင်အထည်ဖော်တဲ့စနစ်နဲ့ လက်ရှိဖြစ်ပေါ်တဲ့ ဈေးကွက်အပေါ်အစိုးရဘက်က အခွန်နှုန်းထား တွေနဲ့ထိန်းချုပ်တဲ့နည်းတွေပဲဖြစ်ပါတယ်။ ဒါ့အပြင်မြေနဲ့ပတ်သက်ပြီး ကစားတာတွေလုပ်ဆောင်နေတဲ့ သူတွေအပေါ်မှာလည်းမူလဝယ်ယူထားတဲ့ ဈေးထက်သက်သာတဲ့ဈေးနှုန်းတွေနဲ့ မြေကွက်တွေကိုရောင်းချတဲ့ အခါမှာ မြေဝယ်လှောင်တဲ့ပြဿနာကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

ဈေးကွက်နဲ့ဝယ်လိုအားကို ထိန်းချုပ်နိုင်ဖို့ လုပ်ငန်းတွေကတော့ အစိုးရကိုယ်တိုင်ပါဝင်မှ ထိန်းချုပ်နိုင်တဲ့ အခြေအနေတွေရှိနေပြီး အမှန်တကယ်လို
အပ်တဲ့ နေရာတွေမှာ မြေပိုင် ဆိုင်သူတွေများလာနိုင်ဖို့လိုအပ်ပါတယ်။ လူတစ်ဦးအတွက် မြေတစ်ကွက်ပိုင်ဆိုင်တာ ထက်လက်ရှိ ရန်ကုန်မြို့ ရဲ့
မြေဈေးကွက်အခြေအနေက တစ်ဦးတည်းကမြေနေရာအများ စုကို ပိုင်ဆိုင်နေတဲ့ ပြဿနာတွေကြောင့် အခွန်လိုထိန်းချုပ်လို့ရတဲ့ နည်းလမ်းတွေနဲ့ 
ထိန်းချုပ်နေရတာတွေ လိုအပ်နေတာဖြစ်ပါတယ်။

အစိုးရလုပ်ဆောင်ချက်များ
အစိုးရရဲ့ လက်ရှိလုပ်ဆောင်ချက်တွေကတော့ မြေနေရာအသစ်တွေထက် လက်ရှိမြို့သစ်လို နေရာတွေမှာ အိမ်ရာတွေအကောင်ထည်ဖော်ပြီး
ရောင်းချပေး နေတာပဲဖြစ်ပါတယ်။ ရောင်းချအကောင်အထည်ဖော်နေတဲ့အိမ်ရာ အများစုကလည်း တကယ်လိုအပ်နေတဲ့ အခြေခံလူထက်လက်ရှိ
မြို့သစ်လိုနေရာတွေမှာ အိမ်ရာတွေ အကောင်အထည်ဖော်ပြီး ရောင်းချပေးနေတာပဲဖြစ်ပါတယ်။ ရောင်းချအကောင်အထည်ဖော်နေတဲ့ အိမ်ရာအများစုက လည်း တကယ်လိုအပ်နေတဲ့ အခြေခံလူတန်းစားတွေအတွက် လက်လှမ်းမမီနိုင်သေးတာကြောင့် တန်ဖိုးနည်းပြီး လူတိုင်းဝယ်ယူနိုင်တဲ့ အိမ်ရာတွေနောက်ထပ်လိုအပ်နေတာဖြစ်ပါတယ်။

တန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက်မှုကို လက်ရှိမှာဆက်လက်အကောင်အထည်ဖော် နေပြီး အများစုကတော့ ကျပ်သိန်း ၁၀ဝ ဝန်းကျင် အိမ်ရာ
တိုက်ခန်းတွေထက် လစဉ်ပေး တန်ဖိုးနည်းအငှားအိမ်ရာတွေနဲ့ နှစ်ရှည်ချေးငွေ နဲ့ဝယ်ယူနိုင်မယ့်အိမ်ရာတွေကိုလိုအပ်နေ တာဖြစ်ပါတယ်။

အငှားအိမ်ရာ

‘အိမ်ရာအများစုက လူတိုင်းဝယ်ယူနိုင်ဖို့ခက်နေတော့ အငှားအိမ်ရာကိုစိတ်ဝင်စားကြ တယ်၊ ဒါကလဲအရေအတွက် တအားနည်းတော့ရှိနေတဲ့
လူဦးရေရဲ့တစ်ရာခိုင်နှုန်း လောက်ပဲဖြည့်ဆည်းနိုင်သေးတယ်လို့ စီးပွားရေးပညာရှင် ဒေါ်မိုးမိုးက ပြောပါတယ်။


Source: Kumudra

Facebook comments