ပုသိမ်က လူနေအိမ် villa နဲ့ ပလာဇာဆိုင်ခန်းတွေ အရောင်းပြပွဲ ပြုလုပ်မည်

javascript
ချောင်းသာနဲ့ ငွေဆောင်ခရီးတစ်ထောက် နားစခန်း ဖွင့်လှစ်သွားမယ့် ပုသိမ်က လူနေအိမ် villa နဲ့ ပလာဇာ ဆိုင်ခန်းတွေကို ပြပွဲပြုလုပ် ရောင်းချပေးမှာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့မှာ ရန်ကုန်မြို့ Myanmar Culture Valley မှာပြုလုပ်မှာပါ။ပြပွဲမှာတော့ ၁၈၀၀ စတုရန်းပေ အကျယ်ရှိတဲ့ နှစ်ထပ် Plaza ဆိုင်ခန်းတွေနဲ့ ၂၄၀၀ စတု
ရန်းပေကနေ ၆၀၀၀ စတုရန်းပေ ကျယ်ဝန်းတဲ့ လူနေအိမ် villa တွေပါဝင်ပါတယ်။အားလုံးကို စရန်ငွေကျပ်ဆယ်သိန်း ပေးပြီးသုံးနှစ်အရစ်ကျနဲ့ ရောင်းချပေးသွားမှာပါ ။ပလက်တီနမ် 
ပုသိမ်ကို ပလာဇာဆိုင်ခန်းတွေက တစ်စတုရန်းပေကို ကျပ် ၁၀၀၀၀၀ နှုန်းနဲ့ လူနေအိမ် villa တွေကို မြေသီးသန့် ဈေးနှုန်းတစ်စတုရန်းပေကို ကျပ် ၃၅၀၀၀ နဲ့ ၀ယ်ယူနိုင်ပါတယ်။

နားနေစခန်းစီမံကိန်း အတွင်းမှာတော့ ဈေးဆိုင်၊စားသောက်ဆိုင်၊ဘဏ်၊ဓာက်ဆီဆိုင်၊ကားဝပ်ရှော့၊ကားရေဆေးဆိုင်၊အမှတ်တရ ပစ္စည်းအရောင်းဆိုင်၊ဒေသထွက်ကုန်ပစ္စည်းအရောင်း
ဆိုင်တို့ ပါဝင်ပါတယ်။ဝန်ဆောင်မှုအနေနဲ့ကတော့ ရေမီးအပြည့်အစုံပါဝင်တဲ့ နေအိမ် villa တွေနဲ့ကြယ်သုံးပွင့်အဆင့်ရှိ ဟိုတယ်တွေပါဝင်ပါတယ်။စီမံကိန်းကတော့ ခုနှစ်လအကြာ လာမယ့် ၂၀၁၇ ခုနှစ် ဇွန်လမှာ ပြီးစီးမှာဖြစ်ပါတယ်။စီမံကိန်းတည်နေရာကတော့ ပုသိမ်တက္ကသိုလ်အနီး တဲကြီး ကုန်းလမ်းနဲ့ တောင်ပေါ်လမ်းထောင့်ပုသိမ်မြို့မှာ အကောင်အထည်ဖော်နေတာဖြစ်ပြီး ကားအစီးရေ ၂၀၀ ကျော်ရပ်နားနိုင်တဲ့ နေရာတွေလည်း တည်ရှိထားပြီးဖြစ်ပါတယ်။

Source: The Kumudra

Facebook comments