ဒလ အိမ်ခြံမြေဈေး အပြောင်းအလဲမရှိအတက်ဘက်ကိုအားယူနေ

javascript
ဒလမြစ်ကူးတံတား စီမံကိန်းကြောင့်ဆူလိုက်ပွက် လိုက်ဖြစ်ခဲ့ဖူးတဲ့ ဒလအိမ်ခြံမြေဈေးက လက်ရှိမှာဈေးကွက်အပြောင်းအလဲသိပ်မရှိပေမဲ့ ဈေးနှုန်းတွေက အတက်ဘက်ကိုများနေတယ်လို့ အကျိုးဆောင်တချို့ကပြောပါတယ်။

မြစ်ကူးတံတားစီမံကိန်းအတည်ပြုပြီးနောက်ပိုင်းမှာ ဒလ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူးစတဲ့ နေရာတွေတံတားစီမံကိန်းစပြီး လုပ်ဆောင်မယ်ဆိုကတည်းက စီးပွားရေး သမားတွေ၊ ရင်းနှီးမြှုပ်နှံသူတွေဝယ်ယူထားကြတာများ တယ်လို့ အကျိုးဆောင်တချို့ဆီ က သိရပါတယ်။

ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က  ဒလဘက်မြေဈေးတွေ က ၃၀ ရာခိုင်နှုန်း လောက်ဈေးတက်သွားပြီး ပွဲဆူခဲ့တာပါ၊ ဒီရက်ပိုင်းတွေမှာတော့ ဈေးမေးတာတွေရှိတယ်၊ အရောင်းအဝယ်ကတော့ လုံးဝကြီးမရှိတာမျိုးတော့ မဟုတ်ဘူး၊ အနည်းအကျင်းတော့ရှိ တယ်၊ တံတားနဲ့ဆက်သွယ်မယ့်လမ်းမတန်းတွေကတော့ ဈေးအမြင့်ဆုံးနဲ့ ရောင်းသူမရှိ ဘူး၊ ဈေးကတော့ ခုချိန်မတက်သေးဘူး၊ တက်ဖို့အားယူနေတယ်လို့ ပြောရမလားပဲလို့ ပြောပါတယ်။

အရင်က စီမံကိန်းရပ်သွားမလားစိုးရိမ်ကြတာမျိုးရှိခဲ့ကြပေမဲ့ ၂၀၁၇ မှာလုပ်ငန်းစဖို့ သေချာနေတာကြောင့် အကုန်လုံးက ကြိုက်ဈေးရရင်ရောင်းပြီး ဈေးကောင်းမရသေးရင် အောင်းထားကြတာလို့သိရပါတယ်။ စီမံကိန်းသေ ချာနေတာကြောင့် နေရာကောင်း တွေမှာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဖို့ဝယ်ထားသူတွေကတော့ တံတားပြီးစီးမယ့်အ ချိန်အထိစောင့်နေကြပါတယ်။ ဈေးနှုန်းတွေကတော့ အမြင့်ဈေးနဲ့ပဲရှိပြီးဈေးကျတာမျိုး မရှိဘူးလို့ ပြောပါတယ်။

ဆိပ်ကမ်းသာလမ်းရှိ အကျိုးဆောင်ဦးအောင်နိုင်ဝင်းက နေရာကောင်းတွေဆိုတစ်ကွက်ကို သိန်း ၃၀ဝ၀ အထိခေါ်ဈေးရှိတယ်၊ တချို့ နေရာတွေမှာ ၃၀ဝ ကျော်တာမျိုးတွေအထိ ခေါ်ဈေးရှိတယ်၊ တံတားတည်ဆောက်မယ့် ကမာကဆစ်ကျောက်တိုင်လမ်းမတန်းတွေဆို အကုန်ကိုင်ထားကြတာလို့ ပြောပါတယ်။


Source: Kumudra 

Facebook comments