မန်းမြို့မှာ တန်ဖိုးမျှတအိမ်ရာ တစ်နှစ်အတွင်းအပြီးတည်ဆောက်မည်

javascript
မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်အတွင်းမှာ တန်ဖိုးမျှတအိမ်ရာကို တစ်နှစ်အတွင်း အပြီးတည်ဆောက်မယ်လို့ မန္တလေးမြို့တော်စည်ပင်က သိရပါတယ်။

မြရည်နန္ဒာတန်ဖိုးနည်း အိမ်ရာအနီးမှာ အခုနှစ်မေလက စတင်တည်ဆောက်နေတာပါ။၂၀၁၇ ခုနှစ်မေလမှာပြီးစီးဖို့ခန့်မှန်းထားပါတယ်။

ကျွန်တော်တို့ဘက်ဂျက်နဲ့ ဆောက်တာမဟုတ်ဘူး၊စည်ပင်ကကွက်ကဲထားတာ၊ကုမ္ပဏီကို ၁၀၀ ရာခိုင်နှုန်း investment (ရင်းနှီးမြှုပ်နှံမှု)ပေးတာ၊ကျွန်တော်တို့က 
ဘက်ဂျက်မပေးဘူး ပြီးမှရောင်းတဲ့ အပေါ်မှာ ကျွန်တော်တို့ကပြန်ပေးမှာ လို့မန္တလေးမြို့တော်စည်ပင် အဆောက်အအုံနှင့် ကုန်ရုံဌာန၊ဌာနမှုး ဦးဇော်ဝင်းကပြောပါတယ်။

သည်အိမ်ရာမှာ ခြောက်ထပ်ရှိတဲ့ အဆောက်အအုံပေါင်း ၁၄၀ လုံးတည်ဆောက်မှာ ဖြစ်ပြီး အခန်းပေါင်း ၃၃၆၀ ပါဝင်တယ်လို့ သိရပါတယ်။
တန်ဖိုးမျှတအိမ်ရာကို ရောင်းချပေးမဲ့ ပုံစံနဲ့ ဈေးနှုန်းတွေကိုတော့ မသတ်မှတ်ရသေးဘူးလို့ ဆိုပါတယ်။

Source : The Modern

Facebook comments