အစိုးရ အကူးအပြောင်းကာလ မြေယာချထားပေးမှု စိစစ်ပြီးဖြစ်

javascript
မန္တလေးခြောက်မြို့နယ်အတွင်းမှာ အစိုးရ အကူးအပြောင်းကာလ လူပုဂ္ဂိုလ်နာမည်တွေနဲ့ မြေယာချထား ပေးခဲ့တာတွေ အားလုံးစစ်ဆေးပြီးလို့ အစီရင်ခံစာရေးနေပြီလို့ 
သိရတယ်။ လာမယ့် နိုဝင်ဘာလဆန်းမှာ တိုင်းအစိုးရအဖွဲ့ကို တင်ပြမယ်လို့ အစိုးရ အကူးအပြောင်းကာလ မြေယာစစ်ဆေးရေးအဖွဲ့မှ အဖွဲ့(၂) ခေါင်းဆောင် ဦးတင်
အောင်က ပြောပါတယ်။

သူက “မနေ့က စရေးတယ်၊ ဘယ်သူ့မျက်နှာမှ ထောက်စရာမရှိပါဘူး၊ စစ်ဆေးတဲ့အခါမှာလည်း တကယ် လူကြီးတွေရဲ့ မိန်းမ၊ သားသမီး၊ တူ၊ တူမတွေရဲ့ မြေကွက်တွေ ပါပါတယ်၊ ရေးတဲ့အခါမှာ တွေ့ရှိချက်အမှန် တွေကို ရေးသွားမှာပါ၊ ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ တင်ပြတာကို စောင့်ကြည့်ရမှာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ တင်ပြတာကို ဆုံးဖြတ်မယ့် အစိုးရကို စောင့်ကြည့်ရမှာပါ” လို့ ပြောပါတယ်။

အမှုတွဲ ၄၀၀ ခန့်ကို ရေးသားရမှာ ဖြစ်လို့ အစီရင်ခံစာ ရေးသားတဲ့ အပိုင်းကို မြေယာကိစ္စ၊ အစိုးရမြေ ယာ၊ စီမံကိန်းတွေ ဂရံချထားပေးမှုဆိုပြီး အပိုင်းသုံးပိုင်းခွဲပြီး တစ်ခုချင်းစီအလိုက် အစီရင်ခံစာ ရေးသားနေပါ တယ်။

ဦးတင်အောင်က “လူပုဂ္ဂိုလ်တွေကို ခေါ်မေးတာတွေ ရှိတယ်၊ မလာတဲ့ သူတွေလဲ ရှိတယ်၊ မလာတာတွေကို ဝန်ကြီးချုပ်ကို တိုက်ရိုက် တင်ပြသွားမယ်၊ အခု စစ်ဆေးမှုက မန္တလေးမြို့နယ်တွေပေါ့၊ ဒါပြီးရင် တိုင်းအတွင်းမှာ လှည့်စစ်မယ်” လို့ ပြောပါတယ်။

စစ်ဆေးတဲ့အခါမှာ ၂၉.၃.၂၀၁၆ မှာဆို တစ်ရက်တည်းနဲ့ အမှုတွဲပေါင်း ၂၄၀ လောက် ချထားပေးတာတွေ့ရပြီး ကာလပေါက်ဈေး ကျပ်သိန်းပေါင်း ၂၀၀၀ ခန့် တန်ဖိုးရှိတဲ့ မြေကို ၉၆ သိန်းနဲ့ ချထားပေးတာကိုလည်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

အစိုးရ အကူးအပြောင်းကာလဖြစ်တဲ့ ဖေဖော်ဝါရီနဲ့ မတ်လအတွင်းမှာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ မြေယာတွေကို လူပုဂ္ဂိုလ်အမည်တွေနဲ့ ချထားပေးမှုတွေ ရှိခဲ့လို့ အများပြည်သူ အကျိုးအတွက် စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ ချမ်းမြေ့သာစည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) က ဦးမြင့်အောင်မိုးက အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၀ဦးက ထောက်ခံဆွေးနွေးခဲ့ကာ ကန့်ကွက်သူ မရှိခဲ့တာကြောင့် မြေယာ စိစစ်ရေးအဖွဲ့ကို အခုနှစ် သြဂုတ်လက စတင်ဖွဲ့စည်းခဲ့ပြီး စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

Source: The Modern

Facebook comments