အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းပြုစုရန် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

javascript
ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေ လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပသည့် အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းပြုစုရန် အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ (International Business Center) ၌ ပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေ လုပ်ငန်းရှင်များအသင်းမှ ဦးစိုင်းခွန်နောင်က'' ဒီဥပဒေက အိမ်ခြံမြေ လောကသားတွေအတွက်ရော၊ အများပြည်သူအတွက်ရော၊ 
နိုင်ငံတော်အတွက်ရော ရင်းနှီးမြှုပ်နှံသူတွေ အတွက်ပါ အကျိုးရှိမှာပါ။ နိုင်ငံတကာမှာလည်း ဒီဥပဒေက ရှိပြီးသားပါ။ ကျွန်တော်တို့ နိုင်ငံမှာ အိမ်ခြံ မြေဝန်ဆောင်မှုနဲ့ဆိုင်တဲ့ ဥပဒေက ခိုင်ခိုင်မာမာမရှိသေးတော့ သူများနိုင်ငံတွေနဲ့ယှဉ်ရင် လာရောက်ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက်လည်း အခက်အခဲရှိနိုင်ပါတယ်။ ကျွန်တော် တို့ လောကသားတွေအတွက်လည်း အခက်အခဲရှိတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရကလည်း အားပေးတယ်။ကျွန်တော်တို့ အနေနဲ့လည်း နိုင်ငံတော်ကို တစ်ထောင့်တစ်နေရာကနေ အကူအညီရအောင် ဥပဒေကြမ်းရေးဆွဲဖို့ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ပွင့်လင်းမြင်သာစွာနဲ့ ဆောင်ရွက်တာဖြစ်တဲ့အတွက် အားလုံးပါဝင်ကြ ဖို့လိုပါတယ်''ဟု ပြော
သည်။

ယခုရေးဆွဲမည့် ဥပဒေကြမ်းတွင် ဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင်မည့်သူများ လိုက်နာရမည့်တာဝန်များ၊ ဝန်ဆောင်မှုလုပ်ငန်း အပ်နှံသူတို့ လိုက်နာရန်နှင့် ရပိုင်ခွင့်များ၊
ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ ဝန်ဆောင်မှု လုပ်ငန်းခွင့်ပြုလက်မှတ် ထုတ်ပေးရန် သတ်မှတ်ချက်နည်းလမ်းများ စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

''အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့သူတွေ အတွက် ပြည်တွင်းသာမက ပြည်ပနဲ့ဆက်သွယ်ပြီးဆောင်ရွက်တဲ့အခါ နိုင်ငံတကာနဲ့ ဆက်
သွယ်လုပ်ကိုင်လိုသူတွေအတွက် ခိုင်မာတဲ့ ရပ်တည်ချက်ရှိတဲ့ ဥပဒေရှိဖို့နဲ့ အသိအမှတ်ပြုလက်မှတ်ရဖို့ အရေးကြီးပါတယ်'' ဟု အတွင်းရေးမှူး မရွှေရည်ဝင်းက ပြော
သည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥပဒေနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့မှ ဦးတင်မောင်ဦး၊ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ဥ
ပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းမြင့်၊ ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်း နာယက ဦးတင်မောင်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းရှင်များ၊ ဥပဒေရေးရာကျွမ်းကျင်သူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

Source: MOI Webportal Myanmar

Facebook comments