ရန်ကုန်တိုင်းအတွင်းက ကျောင်းတွေကို မြေပိုင်ဆိုင်မှုဆောင်ရွက်ပေးမယ်လို့ လှုမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ပြော

javascript
ရန်ကုန်တိုင်းဒေသကြီးအတွင်းက အခြေခံပညာကျောင်းတွေရဲ့ မြေပိုင်ဆိုင်မှုကို အဓိကထားဆောင်ရွက်ပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီး လှုမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက သည်နေ့ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ပြောပါတယ် ။

ရန်ကုန်တိုင်းဒေသကြီး အတွင်းက အခြေခံပညာကျောင်းတွေက လန(၁၉) ၊ ပုံစံ(၁၀၅) စတဲ့မြေပိုင်ဆိုင်မှုနည်းနေပြီး တခြားအစိုးရဌာနပိုင်နာမည်ပေါက်နေတဲ့ မြေတွေပေါ်မှာ ရှိနေတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဆီက သိရပါတယ် ။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇွန်လ ၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တွေကို အခြေခံပညာကျောင်းတွေကို ကွင်းဆင်းစစ်ဆေးပြီးအကြံပြုဖို့ သဝဏ်လွှာပေးပို့ထားပါတယ် ။

ဝန်ကြီးချုပ်ရဲ့ ပန်ကြားချက်အရ ကွင်းဆင်းစစ်ဆေးတော့ ကျောင်းမြေအဖြစ် အမည်မပေါက်ဘဲ သူများမြေအဖြစ် အမည်ပေါက်နေလို့ ခြံစည်းရိုးခတ်လို့ မရတာ ၊ ကျူးကျော်တာတွေနဲ့ ကြုံနေရတယ်’ လို့ သင်္ဃန်းကျွန်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောပါတယ် ။

သင်္ဃန်းကျွန်းမြို့နယ်မှာ အခြေခံပညာကျောင်း ၃၄ ကျောင်းရှိပြီး လန(၃၉) ပိုင်ဆိုင်ခွင့်ရှိတဲ့ ကျောင်းငါးကျောင်း ၊ ပုံစံ(၁၀၅)ပိုင်ဆိုင်ခွင့်ရှိတဲ့ ကျောင်းတစ်ကျောင်းနဲ့ ကျန်တဲ့မှုလတန်းနဲ့ အထက်တန်းကျောင်းတွေမှာတော့ ပိုင်ဆိုင်ခွင့်ရှိတဲ့ ကျောင်းတစ်ကျောင်းနဲ့ ကျန်တဲ့မှုလတန်းနဲ့ အထက်တန်းကျောင်းတွေမှာတော့ ပိုင်ဆိုင်မှုမရှိဘူးလို့ သိရပါတယ် ။ ကျန်တဲ့ကျောင်းတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ ညှိနှိုင်းပြီး မြေပိုင်ဆိုင်မှုတွေ ထုတ်ပေးမှာ ဖြစ်ပါတယ် ။

အင်းစိန်မြို့နယ် အမက (၃၉) ကျောင်းက မြန်မာ့ဆေးဝါးစက်ရုံအင်းစိန် ကနေ သုတေသနမပြုလုပ်ဘဲ ကျန်နေတဲ့ ပလပ်မြေပေါ်မှာ ၁၉၈၀ ခုနှစ်က တည်ဆောက်ထားတာ ဖြစ်ပါတယ် ။ ပညာရေးဌာနပိုင်မြေအမည်မပေါက်လို့ ကျောင်းသားဦးနေတိုးတက်လို့ ကျောင်းဆောင်သစ်ဆောက်ဖို့ အခက်အခဲရှိနေတာဖြစ်ပါတယ် ။

အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က အင်းစိန်မြို့နယ် အမက(၃၉) ကျောင်းကို မြေပိုင်ဆိုင်ခွင့်ပုံစံ (၁၀၅)ထုတ်ပေးဖို့ သည်နေ့ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ပါတယ် ။

သည်ကြယ်ပွင်ပြမေးခွန်းကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ‘တင်ပြတဲ့ မြေနေရာက အစိုးရမြေ ၊ အစိုးရဆေးချက်စက်ရုံက ဖြစ်လို့ဆောင်ရွက်ပေးလို့မရပါဘူး ၊ သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနက ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ် ၊ ကျောင်းပိုင်မြေအမည်ပေါက် ဆောင်ရွက်လို့မရဘူး’ လို့ ဖြေကြားခဲ့ပါတယ် ။ဆေးဝါးစက်ရုံရဲ့ ခွင့်ပြုချက်ရရင် လျှောက်လို့ရတယ်ဆိုလို့ သက်ဆိုင်ရာဌာနက ပြောလို့ အခုလျှောက်ထားပြီးပါပြီ ၊ စည်ပင်မှာကြာနေတာပါလို့ ဦးဝေဖြိုးဟန်က ထောက်ပြပါတယ် ။
ဦးမောင်မောင်စိုးက ကျောင်းမြေကို ပေးချင်ပါတယ် ။ ပညာရေးဝန်ကြီးဌာနမြေတွေကို သည်ပင်သိမ်းထားတာတွေကို ပြန်ပေးနေတယ်လို့ပြောပါတယ် ။

Source: The Modern

Facebook comments