ဈေးကွက်ဖော်မှုတွေကြောင့် တန်ဖိုးနည်း မြေကွက်တချို့ စိတ်ဝင်စားမှုရလာ

javascript
တန်ဖိုးနည်းမြေကွက်တချို့ အကျိုးဆောင်တွေရဲ့ ပြန်လည်ဈေးကွက်ဖော်မှုကြောင့် အရောင်းသွက်ပြီး လူစိတ်ဝင်စားမှုရှိနေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင် တချို့ထံက သိရပါတယ်။

‘ ဆင်ခြေဖုံးမြို့နယ်တွေက မြေကွက်မှာ ပြန်ကစားကြတာ၊ အခုကဈေးတွေကလဲ တချို့ဆို ဆယ်ဂဏန်းလောက်ပဲရှိတာ၊ ငွေနိုင်တဲ့အကျိုးဆောင်က
ပြန်ဝယ်ပြီး ပြန်လှည့်ထုတ်လာကြတာများတယ် ' လို့ သုခအိမ်ခြံမြေ အကျိုးဆောင်က ကို နန္ဒက ပြောပါတယ်။

စိတ်ဝင်စားမှုများလာတဲ့ မြေကွက်တွေကတော့ ပါမစ်မြေနဲ့စလစ်မြေတွေဖြစ်ပြီး တချို့ မြေကွက်တွေကတော့ အစိုးရကပြန်လည်အကွက်ရိုက်နေရာချထားပေးတဲ့ ဝန်ထမ်းမြေကွက်တွေ လည်းပါဝင်ပါတယ်။

တချို့မြေကွက်တွေမှာတော့ မူလကရှိတဲ့ မြေကွက်အကျယ်ကို မြေရှင်ဘက်က စိတ်တိုင်းကျအကွက်ရိုက်ရောင်းချတဲ့ မြေတွေလည်း ပါဝင်ပါတယ်။မြေကွက်ဈေးနှုန်းတွေကတော့ ကျပ်သိန်း ၂၀၀ ဝန်းကျင် လောက်ကနေ သိန်း ၅၀ ၀န်းကျင်လောက်တန်ဖိုးနည်းမြေကွက်တွေ များပြီး အမှန်တကယ်နေထိုင်သူတွေထက် ဝယ်ရောင်းတွေ ဝင်ရောက်မှုပိုများနေပါတယ်။ 

လက်ရှိအရောင်းအဝယ်ပြန်လည်ပြုလုပ်လာကြတဲ့ မြေကွက်တွေကတော့ အမှန်တကယ် နေထိုင်သူတွေ ထက်ဝယ်ရောင်းလုပ်သူနဲ့ငွေရင်းနှီးမြှုပ်နှံသူလောက်သာ စိတ်ဝင်စားတဲ့ မြေနေရာတွေဖြစ်ပြီး တချို့မြေကွက်တွေကတော့ ရွာမြေနဲ့ လယ်မြေ တွေကိုအကွက် ချပြီး ပြန်လည်ရောင်းချတာတွေရှိကြတော့ နားလည်သူနဲ့ ပြန်လည်စုံးစမ်းပြီးမှ ဝယ်ယူသင့်တဲ့ မြေနေရာတွေ ဖြစ်ပါတယ်။

သည်လိုမြေနေရာတွေမှာ အစိုးရဘက်ကစီမံကိန်းတွေဆောက်လုပ်အကောင်အထည်ဖော်ဖို့လျာထားတဲ့ မြေနေရာတချို့ ရှိပြီး အစိုးရစီမံကိန်းတွေရှိတဲ့ နေရာက မြေကွက်ဈေးတွေကတော့ အပြင်ကမြေနေရာဈေးတွေထက် ထက်ဝက်လောက်ပိုများနေတာတွေရှိတယ်။ 

လက်ရှိ လူစိတ်စားတဲ့ တန်ဖိုနည်း မြေကွက်တွေရှိတဲ့ မြို့နယ်တွေကတော့ ဒဂုံအရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ ဒဂုံဆိပ်ကမ်းဘက်က မြေနေရာတွေကို လူစိတ်ဝင်စားမှု များနေပါတယ်။အခုနောက်ပိုင်းရောင်းချတဲ့မြေကွက်အားလုံကတော့ ခြံစည်ရိုးခတ်ရောင်းချတဲ့ မြေကွက်များပြီး ကျူးကျော်နဲ့ မြေနေရာအမှားအယွင်းမရှိအောင် အကျိုးဆောင်ကတစ်ခါတည်းခြံခတ်ရောင်းချပေးတာမျိုးတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

Source: The Modern

Facebook comments