စက်မှုဇုန်ဈေးကွက် ပြန်ကောင်းလာနိုင်တဲ့ အနေအထားမှာရှိနေ

javascript
စက်မှုဇုန်ဈေးကွက်က အငှားဈေးကွက်ပြန်ကောင်းနေပြီး ရင်းနှီးမြှုပ်နှံမှုတွေများလာရင်ဇုန်ဈေးကွက်ကောင်းလာနိုင်မယ့်အနေအထားမှာရှိတယ်လို့အကျိုးဆောင်တချို့က ပြောပါတယ် ။
စက်မှုဇုန်တွေနဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအဆင်ပြေအောင် အထူးစီးပွားရေးဇုန်တွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတာတွေ ရှိတာကြောင့် အရောင်းအ
ဝယ်အေးနေတဲ့ စက်မှုဇုန်ဈေးကွက် လည်ပတ်မှုကောင်းနိုင်မယ်လို့ သိရပါတယ် ။

ဝသုန်အကျိုးဆောင်ပ ဦးမောင်ဝင်းက ‘စက်မှုဇုန်အရောင်းဈေးကွက်ကတော့ အေေးနသေးတယ် ၊ ဈေးကျတယ်ဆိုတာကလဲအရှုံးခံပြီးတော့ ရောင်းတာနည်းပါတယ်၊မရှိသလောက်ပဲ၊
တချို့ကဈေးစုံစမ်းနေတာတွေရှိတယ် ၊ အငှားဈေးကွက်က ပိုကောင်းလာတယ် ၊ ငှားလာတဲ့အထဲမှာ နိုင်ငံခြားသားတွေ တရုတ်တွေလဲ များလာတယ်’ လို့ ပြောပါတယ် ။

နောက်ပိုင်းမှာ စက်မှုဇုန်ဈေးကွက်က ပိုလွယ်ကူပြီး ဈေးကွက်ကောင်းလာမယ့် အလားအလာရှိတယ်လို့ တချို့က သုံးသပ်ထားကပါတယ် ။ စက်မှုဇုန်တွေကတော့ ဇုန်တွေအလိုက်
မြေတွေ ဂိုဒေါင်အငှားတွေ ရှိပါတယ် ။ သည်နောက်ပိုင်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ တချို့ဝင်လာပြီဖြစ်တဲ့အတွက် ဂိုဒေါင်တွေ ငှားကြတယ်လို့ သိရပါတယ် ။ ဈေးနှုန်းကတော့ ပုံမှန်
အတိုင်းပဲရှိတယ်လို့ ပြောပါတယ် ။

စက်မှုဇုန်မြေဈေးနှုန်းတွေကတော့ ဈေးကျတာမျိုးမရှိဘူးလို့ သိရပါတယ် ။ လက်ရှိမှာ တစ်ဧကကို ကျပ်သန်း ၁၀၀၀ ဝန်းကျင်ကနေ ကျပ်သိန်း တစ်သောင်းကျော်ရှိတယ်လို့ သရပါတယ်။
ဖွံ့ဖြိုးပြီးသားဇုန်တွေနဲ့သိပ်မဖွံ့ဖြိုးသေးတဲ့ဇုန်တွေအရဈေးကွာတာပါ။ရန်ကုန်မှာစက်ရုံအလုပ်ရုံတွေများပေမဲ့ မြေဈေးကြီးနေတာကြောင့် ပြည်တွင်းလုပ်ငန်းရှင်တွေလည်းငှားရန်းခဈေးမြင့်
နေတယ်။ ပြည်ပလုပ်ငန်းရှင်တွလာစုံစမ်းတာတွေရှိပေမဲ့ မြေဈေးကြောင့် ပြန်လှည့်သွားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

မြေဈေးတည်ငြိမ်ပြီး ပုံမှန်ဖြစ်ဖို့က ထုတ်ပြန်ထားတဲ့ အတိုင်း လုပ်ဆောင်ပြီးအစိုးရကနေပဲစီးပွားရေးတကယ်လုပ်ဆောင်မယ့် ပြည်တွင်းပြည်ပလုပ်ငန်းရှင်တွေကိုတိုက်ရိုက်အငှားချပေးတာမျိုးလုပ်ဆောင်သင့်တယ်လို့ကျွမ်းကျင်သူတချို့က ပြောပါတယ် ။


Source: The Kumudra

Facebook comments