မြေနေရာကြောင့်အဆင့်မြင့်အိမ်ရာတချို့ စိတ်ဝင်စားမှုနည်း

javascript
တန်ဖိုးနည်းမြေနေရာတွေပေါ်မှာ ဆောက်လုပ်အကောင်အထည်ဖော်ထားတဲ့ အစိုးရနဲ့ ပုဂ္ဂလိက အဆင့်မြင့်အိမ်ရာတချို့ ဝယ်ယူသူ စိတ်ဝင်စားမှုနည်းနေတယ်လို့
အကျိုးဆောင်တချို့ထံက သိရပါတယ် ။

‘အခန်းဝယ်ယူသူတွေက ဈေးနှုန်းကိုကြည့်ဝယ်ကြသလို ဖွံ့ဖြိုးမှုတွေ ၊ လူစည်ကားတာတွေနဲ့ ပတ်ဝန်းကျင်ကိုလဲ ကြည့်ဝယ်ကြတော့ မြို့သစ်လိုနေရာမှာ ချက်ချင်းကြီးအ
ဆင့်မြင့်အိမ်ရာကို ဝယ်ဖို့ကျတော့ လက်တွန့်ကြတယ်’ လို့ ဝင်း အိမ်ခြံမြေအကျိုးဆောင်မှ ဦးဝင်းအောင်က ပြောပါတယ် ။

အစိုးရက လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ အဆင့်မြင့်အိမ်ရာရဲ့ အခန်းဝယ်ယူဖို့နှုန်းထားက တစ်ပေပတ်လည်ကို ကျပ်တစ်သိန်းဝန်းကျင်လောက်ရှိပြီး 
အကျယ်အဝန်းတွေကိုလည်း ၆၀၀ စတုရန်းပေ သတ်မှတ်ထားတာဖြစ်ပါတယ် ။ သည်အဆင့်မြင့်အိမ်ရာစီမံကိန်းအတွင်းမှာ ဆေးရုံ ၊ ကျောင်း ၊ ဘတ်စ်ကားဂိတ်နဲ့ ဈေး
ဝယ်စင်တာတွေ ပါဝင်ပေမဲ့လည်း လက်ရှိမှာ စည်ကားမှုမရှိသေးတဲ့ မြေနေရာတွေ ဖြစ်တာကြောင့် ဝယ်ယူဖို့ လက်တွန့်နေတာ ဖြစ်ပါတယ် ။

သည်လိုအိမ်ရာ စီမံကိန်းနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်လယ်လောက်ကတည်းက အရောင်းဖွင့်လှစ်ပေမဲ့လည်း လက်ရှိအချိန်အထိ အခန်းအားလုံးရောင်းချမပြီးစီးသေးဘူး။ အစိုးရပိုင်းက အိမ်ရာတွေသာမက ပုဂ္ဂလိကပိုင်းမှာဆောက်လုပ်အကောင်အထည်ဖော်ပြီး ရောင်းချနေတဲ့ အိမ်ရာတွေမှာလည်း နှစ်ရှည်နေချးငွေနဲ့ အရောင်းဖွင့်ထားပေမဲ့ ဝယ်ယူသူလျော့နည်းနေသေးတယ်လို့လည်း သိရပါတယ် ။

Source: The Modern

Facebook comments