ပန်းလှိုင်အိမ်ရာဝင်းအတွင်းရှိ Lotus Place အဆင့်မြင့်အိမ်ရာစီမံကိန်း မကြာမီဆောင်ရွက်ပြီးစီးမည်

javascript
ရန်ကုန်မြို့အနောက်ပိုင်း လှိုင်မြစ် ဘေးရှိ ၆၅၂ ဧက အကျယ်အဝန်းရှိ သော ပန်းလှိုင်အိမ်ရာဝင်းအတွင်း၌ Lotus Place အဆင့်မြင့်အိမ်ရာ စီမံကိန်းကို Yoma Strategic Holdings Company က အကောင် ထည်ဖော် ဆောင်ရွက်လျက်ရှိရာ မကြာမီ ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။

ပန်းလှိုင် အိမ်ရာဝင်းအတွင်း အသစ်ချဲ့ထွင် ဆောက်လုပ်ထားသည့် Lotus Place အဆင့်မြင့်အိမ်ရာ စီမံကိန်းကို မြေနေရာဧရိယာ သုံးဧက ကျော် ကျယ်ဝန်းသည့်နေရာပေါ်၌ တည်ဆောက်ထားခြင်းဖြစ်ပြီး အဆိုပါ အဆောက်အအုံမှာ သုံးထပ်တိုက် အမျိုးအစားဖြစ်ကြောင်း သိရသည်။

အဆောက်အအုံ အလုံး ၃ဝ ဆောက်လုပ်ထားခြင်းဖြစ်ပြီး အဆောက် အအုံ တစ်လုံးချင်းစီ၏ မြေကွက် အကျယ်မှာ မျက်နှာစာမှာ ပေ ၄ဝ စီရှိကာ အရှည် ပေ ၁ဝဝ
ရှိကြောင်း သိရသည်။ အဆောက်အအုံ တစ်လုံး ချင်းစီ၏ အတွင်းပိုင်းပြင်ဆင်ထားမှု အရ အိပ်ခန်း သုံးခန်း၊ ဧည့်ခန်း နှစ် ခန်း၊ လသာဆောင် တစ်ခု၊ အဆင့်မီ
မီးဖိုချောင်နှင့် ထမင်းစားခန်းများ ပါဝင်ပြီး အိပ်ခန်းများအားလုံးမှာ Master Bedroom များဖြစ်ကြောင်း သိရသည်။ ယာဉ်နှစ်စီးရပ်နားရန် ကားပါကင်နေရာ ပါဝင်ပြီး
အိမ်ခန်း အကျယ်အဝန်းမှာ စုစုပေါင်း စတုရန်းပေ ၄၄၆၈ ပေ ရှိကြောင်း သိရသည်။

ပန်းလှိုင်အိမ်ရာအတွင်းရှိ Country Club နေရာတွင် ရေကူးကန်နှင့် ကလေးကစားကွင်းများ၊ အားကစား ခန်းမ၊ မြက်ခင်းပြင် တင်းနစ်ကွင်းများ၊ Beauty Salonင၊ Restaurant၊ Spa တို့ ပါဝင်တည်ဆောက်ထားကြောင်း သိရသည်။ ထို့အပြင် လျှပ်စစ်မီးနှင့် ရေ ၂၄ နာရီပတ်လုံး ရရှိစေရန် ဆောင်ရွက်ထားရှိပြီး စီမံကိန်းဧရိယာ 
အတွင်း စိမ်းလန်းမှုဧရိယာ အများအပြား ထည့်သွင်းဖန်တီးလုပ်ဆောင် ထားကြောင်း သိရသည်။

Lotus Place အဆင့်မြင့်အိမ်ရာ စီမံကိန်း၌ နေထိုင်သူများအဆင်ပြေ စေရေးအတွက် ပန်းလှိုင်စီလုံဆေးရုံ၊ ပန်းလှိုင် School၊ ပန်းလှိုင် Country Club၊ ပန်းလှိုင် Golf Club နှင့် Horizon Restaurant များ ပါဝင်ပြီး အဆိုပါ Horizon Restaurant မှ သန့်ရှင်းလတ်ဆတ်သော ဥရောပနှင့် ယိုးဒယားအစားအစာများကို အိမ်မှနေ၍ ဆက်
သွယ်မှာယူကာ အိမ်အရောက် ပို့ပေးသောဝန်ဆောင်မှု လည်းရှိကြောင်း သိရသည်။

Yoma Strategic Holdings မှ တာဝန်ရှိသူတစ်ဦးက ''နေရာအကွက် အကွင်းကောင်းတဲ့ ဒီ Lotus Place အဆင့်မြင့်အိမ်ရာစီမံကိန်းမှာ နေထိုင်သူတွေအနေနဲ့ ခြံဝင်းလေးနဲ့ အဆင့် မြင့်မြင့်နေထိုင်နိုင်ကြမှာ ဖြစ်ပါတယ်။ ပရိဘောဂပစ္စည်းတွေကလွဲပြီး ကျန် အသုံးအဆောင် ပစ္စည်းတွေအားလုံးကို ထည့်သွင်း ဆောက်လုပ်ထားတာပါ။
အဆောက်အအုံ ၁ဝ လုံးက ဆောက် လုပ်ပြီးစီးသွားပြီဖြစ်လို့ ရောင်းချပြီး သွားပြီဖြစ်ပြီး လက်ရှိအိမ်ရှင် အိမ်ငှား များ ပြောင်းရွှေ့နေထိုင်နေကြပါပြီ။

ကျန် အဆောက်အအုံ အလုံး ၂ဝ က လည်း အချောသပ်လုပ်ငန်းများပဲ ကျန်ပါတော့တယ်။ အိမ်ဝယ်ယူနေထိုင်သူများအနေနဲ့လည်း အိမ်ကို ဝယ်ယူလိုက်ခြင်းအားဖြင့် မြေဂရန် နှစ် ၆ဝ ရှိတဲ့ မြေနေရာကိုပါရရှိမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာ ဆူညံမှု နဲ့ လေထုညစ်ညမ်းမှုမရှိသလို ပတ်ဝန်းကျင်ကို ရှုမျှော်ကြည့်ရင်းနဲ့ အလိုလိုစိတ်အပန်းပြေစေမယ့် စိတ် အပန်းဖြေစရာများရှိနေပါတယ်။ နေရာ တစ်ခုကို အမှန်ရှာနေတဲ့ သီးသန့်နေထိုင်ကြလိုသူများအတွက် သင့်တော်တဲ့ဈေးနှုန်းနဲ့ ကုမ္ပဏီက ရောင်းချပေးသွား
မှာဖြစ်ပြီး အရစ်ကျ စနစ်ဖြင့် ဝယ်ယူနိုင်အောင်စီစဉ်ပေးထားပါသေးတယ်။

ပြီးတော့ အိမ်ကို အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်ဖို့အတွက် ရိုးမဘဏ်နဲ့ ချိတ်ဆက်ဝယ်ယူ နိုင်အောင် စီစဉ်ပေးထားပါတယ်။ ဘဏ်ကနေပြီး အိမ်ရဲ့လက်ရှိ ပေါက်ဈေးနှုန်း 
တန်ဖိုးကျသင့်ငွေ ၇ဝ ရာခိုင်နှုန်း ချေးယူလို့ရမှာဖြစ်ပြီး ရိုးမ ဘဏ်ကနေ နှစ်ရှည်အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်အောင် စီစဉ်ပေးထားပါ တယ်''ဟု ဆိုသည်။

လှိုင်မြစ်တစ်လျှောက်ရှိ ပန်းလှိုင် အိမ်ရာဝင်းအကျယ်အဝန်းမှာ စုစု ပေါင်း ဧက ၆၅၂ ဧကရှိပြီး အဆိုပါ ပန်းလှိုင်အိမ်ရာဝင်းအတွင်းရှိ Lotus Place အဆင့်မြင့်အိမ်ရာစီမံ
ကိန်း၌နေထိုင်ကြသူများမှာ သဘာဝအလင်း ရောင်ကို ရရှိခံစားနိုင်ကြမည်ဖြစ်ကာ ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းများ ကိုပါ တစ်ပါတည်းခံစားကြည့်ရှုနိုင်ကြ 
မည်ဖြစ်ကြောင်း အဆိုပါစီမံကိန်းမှ သိရသည်။

Source: MOI Webportal Myanmar

Facebook comments