ပြည်တွင်း ဈေးကွက်ထဲ ပြည်ပတန်ဖိုးမြင့် ကွန်ဒိုတွေပါ ရောင်းချမှု ရှိလာ

javascript
ပြည်တွင်းအိမ်ခြံမြေဈေးကွက်ထဲကို ပြည်ပနိုင်ငံတွေရှိ တန်ဖိုးမြင့်ကွန်ဒိုတွေကိုပါ လာရောက်ရောင်းချတာ တွေ ရှိလာပါတယ်။

ပြည်တွင်းဈေးကွက်ထဲမှာလည်း ကွန်ဒိုဈေးကွက်က လူနည်းစုသာ ဝယ်ယူနိုင်ပြီး ဝယ်လိုအားထက် ရောင်း လိုအားက ကျော်လွန်နေတာ ဖြစ်တယ်။

ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က “ဒီလိုရောင်းချတာတွေကို ဝယ်ယူနိုင်တာကလဲ လူတန်းစားတစ်ရပ် အတွက်ပဲ အကျိုးရှိမှာပါ၊ သူတို့တွေကလဲ ဈေးကွက်ချဲ့လာတဲ့ သဘောပေါ့၊ အရင်က လာရောင်းရင် ပြည် တွင်းက ကွန်ဒိုတန်ဖိုးတွေနဲ့ ကွာဟမှု သိပ်မရှိဘူး၊ တစ်ခါတစ်လေ ပြည်တွင်းကတောင် ဈေးပိုမြင့်နေတာ တွေ ရှိတယ်” 
လို့ ပြောပါတယ်။

ပြည်တွင်းကို အခုလို လာရောင်းချတာတွေ ရှိလာတာက လက်ရှိမှာ ပြည်တွင်းကနေ ပြည်ပတစ်ချို့ နိုင်ငံ တွေကို အလွယ်တကူ သွားလာနိုင်တာတွေ ရှိလာတာကြောင့်ပါ။ လာမယ့် ဒီဇင်ဘာ ၁ ရက်နေ့မှာလည်း စင်ကာပူကို ဗီဇာမလိုဘဲ သွားလာနိုင်ခွင့် ရတော့မှာလည်း ဖြစ်ပါတယ်။

KAE Alliance Marketing Agency က ကိုကျော်မင်းဇင်က “ပြည်တွင်းကနေ ပြည်ပမှာ သွားရောက်ဝယ်ယူ တာတွေက တခြားနိုင်ငံတွေနဲ့ယှဉ်ရင် တစ် ရာခိုင်နှုန်းလောက်ပဲရှိတယ်၊ ဥပဒေအကြောင်းအရလဲ ခိုင်မာ တာကြောင့် လိုအပ်တဲ့ သူတွေကတော့ ဝယ်ထားကြတာပဲ” လို့ ပြောပါတယ်။

KAE ကနေ ပြည်တွင်းမှာ မလေးရှားနိုင်ငံက ကွန်ဒိုတွေ၊ စင်ကာပူက ကွန်ဒိုတွေ၊ ပေါင်း ၁၁ခုရောင်းပေးပြီး ဖြစ်ကာ ဥရောပကွန်ဒိုတွေပါ ရောင်းချပေးဖို့တွေလည်း ရှိသေးတယ်လို့ သိရပါတယ်။ စင်ကာပူကနေ လာ ရောက်ရောင်းချပေးတဲ့ ကွန်ဒိုတစ်ချို့တန်ဖိုးမှာ စင်ကာပူဒေါ်လာ နှစ်သန်း၊ သုံးသန်းတန်တွေပါ ရောင်းချ တာတွေ ရှိတယ်လို့ သိရပါတယ်။

Source: Kumudra

Facebook comments