အထပ်မြင့်အဆောက်အအုံတွေဆောက်ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာန ထောက်ခံချက်လိုအပ်

javascript
ရန်ကုန်မြို့မှာ အထပ်မြင့်အဆောက်အအုံတွေ တည်ဆောက်ဖို့ မြေပိုင်ဆိုင်မှုအရှုပ်အရှင်းနဲ့ ဝန်ကြီးဌာနပိုင်မြေနေရာတွေနဲ့ နီးရင် သက်
ဆိုင်ရာဝန်ကြီးဌာနရဲ့ ထောက်ခံချက်တွေတောင်းခံရမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(အဆောက်အအုံ) ကသိရပါတယ် ။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က ဌာနမှူး ဦးသန်းဌေးက ‘မြေပိုင်ဆိုင်မှုဟာတွေကို ရှင်းလင်းခိုင်းတာ ပိုင်ဆိုင်မှု အရှုပ်အရှင်းရှိတဲ့ဟာတွေကို ၊ နောက်တစ်ခုက မီးရထားလမ်းနားမှာ တည်ဆောက်မယ်ဆိုရင် မီးရထားဝန်ကြီးဌာနရဲ့ မှတ်ချက်ယူရမယ်’ လို့ပြောပါတယ် ။

လက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အထပ်မြင့်ကြီးတွေ တည်ဆောက်ခွင့်မပေးဘဲ အထပ်မြင့်တွေကို ဘေးပတ်ဝန်းကျင်မှာရှိတဲ့ အဆောက်အအုံတွေရဲ့ အထပ်မြင့်တွေနဲ့လိုက်ပြီး တည်ဆောက်ခွင့်ပေးနေတာ ဖြစ်ပါတယ် ။

အဆောက်အအုံဆောက်လုပ်ခွင့် မှုဝါဒအသစ်က လက်ရှိမှာမထွက်နိုင်သေးတာကြောင့် လေးထပ်ကနေ ရှစ်ထပ်ခွဲအထိ အထပ်မြင့်တွေကို ဘေးပတ်ဝန်းကျင်နဲ့ အဲသည်လမ်းထဲမှာ ရှိနေတဲ့ အထပ်မြင့်တွေရဲ့ အတိုင်းတည်ဆောက်ခွင့်ပေးနေပါတယ် ။

ရန်ကုန်မြို့အတွက် အဆောက်အအုံတည်ဆောက်ခွင့်မှုက လက်ရှိရန်ကုန်မြို့အနေအထားနဲ့ မကိုက်တော့တာကြောင့် အသစ်ပြန်လည်ရေးဆွဲတာဖြစ်ပါတယ် ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ အဆောက်အအုံဆောက်လုပ်ခွင့် ဥပဒေကို (Review) ပြန်လည်ဆန်းသစ်တာပါ ။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနက ပြီးခဲ့တဲ့ ဇွန်လအတွင်း အဆောက်အအုံ အထပ်အနိမ့် ၊ အမြင့် တည်ဆောက်ခွင့်တင်တဲ့ အမှုတွဲလက်ခံတာကို ပိတ်ထားပြီး ဇူလိုင်လ ၁ ရက်နေ့ကစပြီး တည်ဆောက်ခွင့်ပါမစ်တွေ ပြန်လက်ခံနေပါတယ် ။

‘လက်ရှိရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အထပ်မြင့်အဆောက်အအုံကိုးထပ်နဲ့ အထက် အဆောက်အအုံ တည်ဆောက်ဖို့ ခွင့်ပြုတာ မရှိသေးဘူး လို့ သိရပါတယ် ။ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှာ ပြီးခဲ့တဲ့ အစိုးရလက်ထက်က တည်ဆောက်ခွင့်တင်ထားတဲ့ အမှုတွဲဟောင်း ရာဂဏန်းရှိနေပြီး သည်အမှုတွဲဟောင်းတွေကို စည်ပင်သာယာကော်မတီဝင်သစ်တွေကို တင်ပြပြီး တည်ဆောက်ခွင့်ချပေးနေတာပါ ။ အထပ်မြင့် ငါးထပ်ကနေ ရှစ်ထပ်ခွဲအထိ ပါဝင်တယ်လို့’ သိရပါတယ်။

Source:The Modern

Facebook comments