မန်းအိမ်ခြံမြေဈေးကွက် လျှော့ဈေးတွေနဲ့ အရောင်းအဝယ်ဖြစ်နေ

javascript
မန္တလေးအိမ်ခြံမြေဈေးကွက်မှာအခုရက်ပိုင်းလျှော့ဈေးနဲ့ရောင်းချတဲ့အိမ်ခြံမြေတွေအရောင်းအဝယ်ပြန်လိုက်လာတယ်လို့ မန္တလေး
အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူတချို့ထံကသိရပါတယ်။

၂၆လမ်းနဲ့၃၅လမ်းကြားရှိမြေကွက်တွေဆိုရင်ယခင်ကကျပ်သိန်းပေါင်း(၁၈,၀၀၀)ကျော်တန်ဖိုးရှိခဲ့ပြီးသည်ကာလအတွင်းမှာတော့ကျပ်သိန်းပေါင်း(၁၄,၀၀၀)ခန့်သာရှိတယ် ။မဟာမြိုင်ဘက်ကမြေကွက်
တွေမှာဆိုရင်လည်းယခင်က ကျပ်သိန်းပေါင်း (၃၀၀၀)ခန့်ရှိတဲ့မြေကွက်တွေဆိုရင်လည်းကျပ်သိန်းပေါင်း (၂၇၀၀၀)ပတ်ချာလည်သာရှိတော့တယ် ။မြို့သစ်ဘက်မှာဆိုရင်ယခင်ကကျပ်သိန်း(၈၀၀)ခန့်ဈေး
ပေါက်ခဲ့မြေကွက်ဟာအခုအခါမှာသိန်း (၅၀၀)ပတ်ချာလည်သာရှိတယ်လို့ဆိုတယ် ။

‘ဈေးကအသက်သာဆုံးအချိန်ဖြစ်နေတယ် ၊မြေဈေးကကလဲဒီထက်မကျနိုင်တော့ဘူးထင်လို့ဝယ်ကြတော့အဝယ်လိုက်လာတဲ့သဘောပါပဲ ၊တကယ်နေမယ်သူလောက်ဝယ်ကြတာပေါ့ ‘လို့
(ရွိုင်ရယ်ထွန်းသစ္စာအိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ)မှ
ဦးတင်မောင်ကပြောပါတယ် ။

ကျဈေးနဲ့အရောင်းအဝယ်ဖြစ်

ပုံမှန်ဆိုလည်းသည်အချိန်တွေကအရောင်းအဝယ်ဖြစ်တဲ့အချိန်ဖြစ်ပြီးအခုလတ်တလောအရောင်းအဝယ်ဖြစ်နေတာကကျဈေးတွေနဲ့အရောင်းအဝယ်ဖြစ်နေပြီးဈေးချရောင်းတဲ့နေရာမှာအရောင်းအဝယ်ဖြစ်တယ်လို့ဆိုပါတယ် ။

အိမ်ခြံမြေအရောင်းအဝယ်အခြေအနေနဲ့လာမယ့် ၂၀၁၇ခုနှစ်၊အလယ်လောက်ဆိုအိမ်ခြံမြေလုပ်ငန်းတွေအရင်လိုအရောင်းအဝယ်ပြန်ကောင်းလာနိုင်တယ်လို့ဦးတင်မောင်ကသုံးသပ်ပါတယ် ။

ကား၊ရွှေနဲ့ဒေါ်လာဈေးတွေကလည်းမတည်ငြိမ်သေးတဲ့အတွက်အိမ်ခြံမြေအရောင်းအဝယ်ဘက်ကိုလူတွေကပြောင်းလဲလုပ်ကိုင်လာကြတယ်လို့အိမ်ခြံမြေရောင်းဝယ်ရေးသမား
တချို့ထံကသိရပါတယ် ။

လူနေစည်ကားမှု၊မြို့တွင်းနဲ့နီးတဲ့အပေါ်မူတည်ပြီးမြေဈေးကျဆင်းတာကလည်းအနည်း၊အများကွာဟနေပြီးမန္တလေးအိမ်ခြံမြေဈေးကွက်မှာတော့အရင်ကမြင့်တက်ခဲ့တဲ့မြေဈေးနှုန်းကနေ၁၀ရာခိုင်နှုန်းမှ၄၀ရာခိုင်နှုန်းအထိမြေဈေးတွေကျဆင်းခဲ့တာဖြစ်တယ်လို့ မန္တလေးမှာရှိတဲ့အိမ်ခြံမြေရောင်းဝယ်ရေး
လုပ်ငန်းလုပ်ကိုင်သူအချို့ထံကသိရပါတယ် ။

Source :The Modern

Facebook comments