ပုဂံယဉ်ကျေးမှုနယ်မြေရှိ ဆောက်လုပ်ခွင့်ရ ဟိုတယ် ၂၅လုံးကို အရင်းကျေ ၁၅ နှစ်သာ လုပ်ကိုင်ခွင့်ပြုမည်

javascript
ပုဂံယဉ်ကျေးမှုနယ်မြေရှိ ဆောက်လုပ်ခွင့်ရဟိုတယ် ၂၅လုံးကို အရင်းကျေ ၁၅နှစ်သာလုပ်ကိုင်ခွင့်ပြုမှာ
ဖြစ်ပြီး အဲသည်ကာလကျော်လွန်ပါက အစားထိုးနေရာကို ရွှေ့ပြောင်းလုပ်ကိုင်ရမယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်ကပြောပါတယ်။

ရှေးဟောင်းပုဂံယဉ်ကျေးမှုနယ်မြေကိုကမ္ဘာ့အမွေအနှစ်
စာရင်း သတ်မှတ်ဖို့ပြီးခဲ့တဲ့ အစိုးရလက်ထက် ၂၀၁၄ ခုနှစ်ကတည်းကဟိုတယ်ဆောက်လုပ်ခွင့်ကိုရပ်ဆိုင်းခဲ့
တာဖြစ်ပါတယ်။ဒါပင်မဲ့ အခုခွင့်ပြုလိုက်တဲ့ ဟိုတယ် ၂၅လုံးမှာ ကမ္ဘာ့အမွေးအနှစ်စာရင်း သတ်မှတ်ရာမှာ ထိခိုက်မှုမရှိစေဖို့ စိစစ်ခွင့်ပြုခဲ့တာလို့သိရပါတယ်။

‘ ဟိုတယ်ဆောက်လုပ်ထားတဲ့ လုပ်ငန်းရှင်တွေကလဲ ဘဏ်ကနေ အတိုးနှုန်းတွေနဲ့ချေးပြီး လုပ်ငန်းဆောင်ရွက်ထားတာဖြစ်တဲ့အတွက် ဝန်ကြီးဌာနအချင်းချင်းမေတ္တာရပ်ခံညှိနှိုင်းထားတာပါ။
၁၅နှစ်ပြီးရင်တော့ သူတို့တွေက အပြင်ကို ပြောင်းရမယ်၊ နေရာအစားထိုးပေး
ရမှာပေါ့ ' လို့ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

၂၀၁၄ခုနှစ်က ဆောက်လုပ်ဆဲ ဟိုတယ် ၄၂လုံးကို ရပ်ဆိုင်းခဲ့တုဖြစ်ပြီး ခုပြန်လည်ခွင့်ပြုလိုက်တဲ့ ဟိုတယ် ၂၅လုံးမှာလည်း အခုအခါ ၇၀ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းနီးပါပြီးစီးနေပြီးလို့ ဆိုပါတယ်။ အဲသည် ၂၅လုံးကို လုပ်ကိုင်ခွင့်ပေးဖို့ အတွက် ယူနက်စကိုမှ တာဝန်ရှိသူတွေနဲ့ သာ့သနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဌာနတို့ ညှိနှိုင်းခွင့်ပြုပေးကြောင်း သိရပါတယ်။ 

ခွင့်ပြုထားတဲ့ ဟိုတယ် ၂၅လုံးကို ဟိုတယ်လိုင်စင်ချပေးထားတဲ့ ရက်ကနေ ၁၅ နှစ်ကာလ သတ်မှတ်တာဖြစ်ကြောင်း သိရပါတယ်။
ယူနက်စကိုရဲ့ ကမ္ဘာ့အမွေးအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်မှာ ရှေးဟောင်းအဆောက်အအုံတွေရဲ့ ငါးကီလိုမီတာကနေ ခုနှစ်ကီလိုမီတာအတွင်း မည်သည့်လူနေအိမ်၊ ဟိုတယ်နဲ့ အခြားအဆောက်အအုံမရှိရလို့ စည်းကမ်းသတ်မှတ်ထားကြောင်း သိရပါတယ်။
လက်ရှိပုဂံဒေသမှာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက လိုင်စင်ချပေးထားတဲ့ ဟိုတယ်ပေါင်း ၈၁လုံး၊ အခန်းပေါင်း ၂၇၆၁ ခန်းရှိကြောင်း သိရပါတယ်။

Source: The Kumudra

Facebook comments