နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက် စက်မှုဇုန်တွေ စနစ်တကျဖြစ်ဖို့ လုပ်သင့်ပြီ

javascript
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတဲ့အခါ စက်မှုဇုန်အပိုင်းက အရေးပါတဲ့ကဏ္ဍတစ်ခုဖြစ်လာတဲ့အတွက် စက်မှုဇုန်မြေတွေကို သေချာစိစစ်လုပ်ဆောင်ထားဖို့လိုအပ်နေပြီလို့ သိရပါတယ် ။

လက်ရှိမှာလည်း စက်မှုဇုန်မြေဈေးကြီးမြင့်တာနဲ့ ဈေးကစားနေတာတွေကို ထိန်းချုပ်နိုင်ဖို့ စိစစ်လုပ်ဆောင်နေပေမဲ့ အားနည်းနေသေးတဲ့ အပိုင်းတွေကြောင့် ထိရောက်မှုသိပ်မရှိဘူးလို့လည်း တချို့ကသုံးသပ်ထားကြပါတယ် ။

ရန်ကုန်မြို့ရှိ စက်မှုဇုန်တွေမျာ မြေကွက်ပေါင်း ၁၀,၄၃၂ ခန့်ရှိပြီး လုပ်ငန်းလုပ်ဆောင်နေတဲ့ ရာခိုင်နှုန်းက ၅၀ ရာခိုင်နှုန်းကျော်လောက်ပဲရှိကာ ကျန်တု့ ၄၀ ရာခိုင်နှုန်းကျော်က လစ်လပ်နေတာဖြစ်တယ် ။မြေကွက်တွေရဲ့ ဈေးကလည်း တစ်ကွက်ကို သိန်းထောင်ဂဏန်းဝန်းကျင်ရှိနေတာကြောင့် ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဆောင်ဖို့ ပြည်တွင်းရော ပြည်ပလုပ်ငန်းရှင်တွေအတွက်ပါ အခက်အခဲရှိနေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

စီးပွားရေးပညာရှင်ဦးစောမောင်က ‘စက်မှုဇုန်တွေကို သေချာစိစစ်နေတယ်ဆိုပေမဲ့လဲ ထိထိရောက်ရောက် လုပ်ဆောင်နေတာတွေ ၊ အရေးယူနေတာတွေတော့ အခုထိမတွေ့ရသေးဘူး ၊ လုပ်ငန်းမလုပ်တဲ လစ်လပ်နေတဲ့ မြေနေရာတွေမှာ လုပ်ငန်းတွေလုပ်လာရင် ပြည်တွင်းက လုပ်သားတွေအတွက် အလုပ်အကိုင်တွေ ဖော်ဆောင်နိုင်မယ် ၊ စက်မှုဇုန်မြေဈေးကကြီးလို့ ပြည်ပကဝင်လာဖို့ အဟန့်အတားဖြစ်စေတယ်’ လို့ပြောပါတယ် ။

အစိုးရသစ်လက်ထက်မှာ လုပ်ငန်းမလုပ်တဲ့မြေကွက်တွေကို စိစစ်နေပြီး အရေးယူဖို့လုပ်ဆောင်နေတာတွေလည်း ရှိပါတယ် ။ စနစ်တကျဖြစ်တဲ့ သီလဝါစက်မှုဇုန်လိုမျိုး ပုံစံဖြစ်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ် ။


Source: The Modern

Facebook comments