ကျူးကျော်စာရင်းကောက်ယူမှု အင်အားတိုးချဲ့ ဆောင်ရွက်မည်

javascript

ကျူးကျော်နေထိုင်သူ များစာရင်း ကောက်ယူခြင်း ရှေ့ ပြေးစီမံချက်ကို အင်အားတိုးချဲ့ ၍ ဆက်လက်လုပ်ဆောင်မည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့သည် ကျူးကျော်စာရင်း ကောက်ယူခြင်း ရှေ့ပြေးစီမံချက်ကို မြို့နယ် ၁၃ ခုတွင် လုပ်ဆောင်နေ ရှိရာ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့ နယ်သည် ကောက်ယူပြီးစီးနေပြီ ဖြစ်၍ ကျန်မြို့နယ် ၁၂ ခု၌ လာ မည့်တစ်လအတွင်း အင်အားတိုး ချဲ့၍ ကောက်ယူမည်ဟု ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်း နိုင်ကိုက ပြောသည်။

 ‘‘ဦးစားပေးကောက်ယူဖို့ ရွေးချယ်ထားတဲ့ ကျန် ၁၂ မြို့ နယ်အတွက် အဖွဲ့တွေဖွဲ့ရဦး မယ်။ အုပ်ချုပ်ရေးပိုင်းနည်းနည်း ပြင်ဆင်ရမယ်။ အချိန်နည်းနည်း  ယူရမှာပေါ့။ ၀န်ကြီးချုပ်ကို တင် ပြပြီး ဆက်လုပ်သွားမယ်။ တစ် လအတွင်း စီစဉ်တာပြီးမယ်လို့ မှန်းတယ်’’ဟု ၎င်းက ရှင်းပြသည်။


ဆက်လက်ကောက်ယူမည့် မြို့နယ်များမှာ လှိုင်သာယာ၊ ရွှေ ပြည်သာ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့ သစ်(ဆိပ်ကမ်း)၊ မြောက်ဥက္ကလာ ပ၊ သာကေတ၊ မရမ်းကုန်း၊အလုံ၊ ကျောက်တန်း၊ သန်လျင်၊ ဒလတို့ ဖြစ်ပြီး ကျူးကျော်စာရင်းကောက် ခံမှုကို ရန်ကုန်တိုင်းဒေသကြီး ၀န် ကြီးချုပ် ညွှန်ကြားချက်အတိုင်း လုပ်ဆောင်မည်ဟုဆိုသည်။

ကောက်ယူပြီးစီးသည့် ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မူလစာရင်းထက် ကျူးကျော်လူဦး ရေ ၄,၀၀၀ ခန့်နှင့် အိမ်ထောင်စု ၁,၈၀၀ ကျော် တိုးလာသည်ဟု ယင်းမြို့နယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးညီညီက ပြောကြားသည်။

‘‘အစ်ကိုတို့မြို့နယ်က ၂၀ ရက်က ပြီးသွားတာပေါ့။ မူလစာ ရင်းမှာ လူဦးရေက ၁၈,၀၀၀ ကျော်၊ ကောက်ပြီးတော့၂၂,၀၀၀ ကျော် အဲဒီလိုပဲ အိမ်ထောင်စုမှာ ၃,၇၇၆ စုကနေ ၅,၅၉၁ အထိ တိုးလာတယ်။ နောက်မြို့နယ် တွေမှာတော့ အင်အားတိုးချဲ့ မယ်။ နောက်ပြီး တစ်ကြိမ်တည်းနဲ့ မြို့နယ် သုံးလေးခုမှာ လုပ်ဖို့ရှိ တယ်’’ ဟု ၎င်းက ဆိုသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ်၌ ကျူးကျော်စာရင်းကောက်ယူစဉ် တွေ့ကြုံရသည့်အကြောင်းအရာများကို ၀န်ကြီးချုပ်ထံ တင်ပြထားပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌထံသို့လည်း တင်ပြမည်ဟု ၎င်းကပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ၀န် ကြီးချုပ်သည် ကျူးကျော်နေထိုင် သူများသည် စာရင်းပေးသွင်းရုံ ဖြင့် နေစရာမြေကွက်နှင့် အခန်း ရရှိမည်မဟုတ်ဘဲ အလုပ်လုပ်မှ သာ နေစရာအတွက် စီမံပေးနိုင် မည်ဟု အသိပေးထားသည်။

Source : 7day Daily

Facebook comments